Jump to content

Page:Weekly thunderer 0101.pdf/27

From Wikisource
This page has not been proofread.

တက်ခေတ်သတ်ပုံ

  1. ကျောက်ခဲပေါ်လစ် ဗူးတောင်းနှစ် ခုခေတ်ကိုလည်းတသတ်မည်။
  2. အပျိုငယ်ငယ် လင်ယူလွယ် ရှက်ဖွယ်ကိုလည်းယသတ်မည်။
  3. ချာတာပါတေး နိုင်ငံရေး ရှုပ်ထွေးကိုလည်း သဝေထိုးမည်။
  4. တိုင်းပြည်မွဲအောင် ကိုယ်ကျိုးဆောင် ခေါင်းရှောင်ကိုလည်းငသတ်မည်။
  5. တောင်ဟုန်ပြင်းလျက် ဂဠုန်ငှက် ရက်စက်ကိုလည်းကသတ်မည်။
  6. တရာ့လေးဆယ် လေးခုဆွယ် ချုတ်ချယ်ကိုလည်းယသတ်မည်။
  7. မြန်မာပြည်သူ ခပ်သိမ်းလူ ညည်းညူကိုလည်း နှစ်ချောင်းငင်မည်။
  8. တိုင်းပြည်မွဲငတ် အစားပြတ် ဆူလတ်ကိုလည်းတသတ်မည်။
  9. အမတ်ပျက်ရော် မြို့နှင့်ပျော် လွှတ်တော်ကိုလည်းရှေ့ထိုးမည်။
  10. မြန်မာချင်းချင်း မေတ္တာကင်း ခက်ခြင်းကိုလည်းငသတ်မည်။
  11. ဟိုရှုတ်သည်ရှုတ် အလစ်သုတ် လူယုတ်ကိုလည်းတသတ်မည်။
  12. ဟိုရောက်သည်ရောက် ဂျပိုးရှောက် နိုးပေါက်ကိုလည်းကသတ်မည်။
  13. အသုံးကနဲ အဖြုန်းကဲ ဆင်းရဲကိုလည်းနောက်ပစ်မည်။
  14. သီလှရှင်ဝယ် ပေါင်ဒါချယ် ရှက်ဖွယ်ကိုလည်းယသတ်မည်။
  15. စောင်းတန်းထက်ဝယ် ခေါ်သံကျယ် ပန်းသယ်ကိုလည်းယသတ်မည်။
  16. ပိုက်ဆံရှိမူ များရှင်လူ ကြည်ဖြူကိုလည်းနှစ်ချောင်းငင်မည်။
  17. မွဲတေခဲ့လျှင် လူများဖြင် ရှောင်ချင်ကိုလည်းငသတ်မည်။
  18. အင်္ကျီပါးတွင် ဇာပန်းဆင် လာရှင်ကိုလည်းငသတ်မည်။
  19. မက်မောစဖွယ် ရုပ်နှင့်ဆွယ် ပချုပ်သည်သယ်ကိုလည်းယသတ်မည်။
  20. ဟိုစပ်သည်ဆွယ် ငွေရလွယ် အောင်သွယ်ကိုလည်းယသတ်မည်။
  21. အတပ်မသုံး ခဏပြုံး ပိုင်းလုံးကိုလည်းသေးသေးတင်မည်။
  22. မိန်းမသဘော အတင်းပြော မက်မောကိုလည်းသဝေထိုးမည်။
  23. မိန်းမရမ်းကား ဖဲကစား မိုက်မှားကိုလည်းဝစ္စပေါက်မည်။
  24. သူနိုင်ငါနိုင် စိန်ချင်းပြိုင် ပွဲတိုင်ကိုလည်းငသတ်မည်။
  25. ရဟန်းဖြစ်လျက် ဣတ္ထိမက် လူထွက်ကိုလည်းကသတ်မည်။
  26. ဆူငတ်ပြတ်ဆဲ အခွန်ခဲ ခက်ခဲကိုလည်းနောက်ပစ်မည်။
  27. လဘက်ရည်ဆိုင် တေလေထိုင် ငေးမှိုင်ကိုလည်းငသတ်မည်။
  28. သူရောက်ငါရောက် တဂျောက်ဂျောက် ကျားတောက်ကိုလည်းကသတ်မည်။
  29. တရုပ်ဂျပန် စစ်မက်ရန် ခက်ထန်ကိုလည်းနသတ်မည်။

ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ

ကျွန်ုပ်တို့၏ ရုပ်ပြောင်ရေးဆရာအား တက်ခေတ်သတ်ပုံ ထည့်သွင်းဖေါ်ပြရန်အတွက် ပုံကူးဆွဲပေးပို့ဘို့ အကြောင်းကြားလိုက်ရာ

၎င်းက အထက်ပါအတိုင်း တက်ခေတ် သတ်ပုံကို ရေးဆွဲပေးပို့လိုက်ကြောင်း။

ဤမျှဖြင့် ကျွန်ုပ်တို့ ရုပ်ပြောင်ရေးဆရာသည် အဘယ်မျှ တလွဲတချော် ခေါင်းမာစွာပြုလုပ်တတ်သည်ကို အကဲခပ်နိုင်ရာ ရှေ့အဘို့

ကျွန်ုပ်တို့ရေးဆွဲခိုင်းသောပုံများအား ၎င်းက တလွဲတချော် ခေါင်းမာစွာရေးဆွဲပုံတို့ကို အပါတ်စဉ် ထည့်ွင်းဖေါ်ပြသွားမည်ဖြစ်ကြောင်း။