Page:UN Charter (Burmese translation).djvu/37

From Wikisource
Jump to navigation Jump to search
This page has not been proofread.
အပိုဒ် - ၉၆။

၁။ အထွေထွေညီလာခံသည် သို့မဟုတ် လုံခြုံရေး ကောင်စီသည် တရားဥပဒေနှင့်ဆိုင်သော မည်သည့်ကိစ္စတွင်မဆို အပြည်ပြည်ဆိုင်ရာ တရားရုံးအား တိုင်ပင်နှီးနှော၍ ထင်မြင်ချက်တောင်းဆိုနိုင်သည်။

၂။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အခြားလုပ်ငန်းအဖွဲ့များနှင့် အထူး ကိုယ်စားလှယ်အဖွဲ့အစည်းများသည်လည်း မည်သည့်အခါအဆို အထွေထွေ ညီလာခံ၏ အခွင့်အမိန့်ကို ရရှိပါက မိမိတို့၏လုပ်ငန်းဆောင်တာအတွင်း အကျုံး၀င်သော ကိစ္စများမှ ပေါ်ပေါက်လာသည့် ဥပဒေရေးရာ ပြဿနာများနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာတရားရုံးအား တိုင်ပင်နှီးနှော၍ ထင်မြင်ချက်များ တောင်းဆိုနိုင်သည်။


အခန်း(၁၅) -
အတွင်းရေးမှူးချုပ်ရုံး

အပိုဒ် - ၉၇။

အတွင်းရေးမှူးချုပ်ရုံးတွင် အတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က လိုအပ်သော ရာထမ်းမှုထမ်းများ ပါဝင်ရမည်။ အတွင်းရေးမှူးချုပ်ကို လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အရ အထွေထွေညီလာခံက ခန့်ထားရမည်။ အတွင်းရေးမှူးချုပ်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အုပ်ချုပ်ရေးအရာရှိချုပ် ဖြစ်ရမည်။

အပိုဒ် - ၉၈။

အတွင်းရေးမှူးချုပ်သည် အထွေထွေညီလာခံအစည်းအဝေး၊ လုံခြုံရေးကောင်စီ အစည်းအဝေး၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ အစည်းအဝေးနှင့် နိုင်ငံငယ်များထိန်းသိမ်းရေးကောင်စီ အစည်းအဝေးအားလုံးတွင် အတွင်းရေးမှူးချုပ် အဖြစ် ဆောင်ရွက်ရမည့်အပြင် ထိုလုပ်ငန်း အဖွဲ့များက မိမိအားလွှဲအပ်ထားသည့် အခြားအလုပ် ဝတ္တရားများကိုလည်း ဆောင်ရွက်ရမည်။ အတွင်းရေးမှူး ချုပ်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ လုပ်ငန်းဆောင်တာနှင့် စပ်လျဉ်း၍ အထွေထွေ ညီလာခံသို့ နှစ်စဉ် အစီရင်ခံစာ တင်သွင်းရမည်။

အပိုဒ် - ၉၉။

အတွင်းရေးမှူးချုပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုကို အန္တရာယ်ဖြစ်လာနိုင်သည်ဟူ၍ မိမိ ထင်မြင်ယူဆသော မည်သည်ကိစ္စမဆို လုံခြုံရေး ကောင်စီအား အသိပေးနိုင်သည်။