Page:Treaty of Peace with Ava.pdf/3

From Wikisource
Jump to navigation Jump to search
This page has been proofread.
ဣန္ဒြနိုင်ငံတော်တိုင်းပြည်ကိုစိုးအုပ်စီရင်တော်မူသောအင်္ဂလိတ်ဘုရင်က
ကျော်ညာတော်မူစေသည်။


အင်္ဂလိတ်လူမျိုးတို့ကိုမြမ္မာမင်းကျေးကျွန်အရာရှိတို့ကညှည်းပန်းနှိပ်စက်သည်အရာမှာမြမ္မာ
ရှင်ဘုရင်သဘောတူသော လက္ခဏာရှိသဖြင့် ဣန္ဒြဘုရင်ကတောင်းသည်အတိုင်း ငြင်းပယ်
သော့ကြောင့်ဣန္ဒြဘုရင်ကတိုက်ခိုက် ရအောင် စီရင်တော်မူသည်၊ ၎င်အာဏာတော်အတိုင်း
အင်္ဂလိတ်ရဲမက်ဗိုလ်ပါတို့တိုက်ခိုက်၍မြို့ရွာတတ်များကိုရ၍အောင်တော်မူလေပြီ။

မြမ္မာစစ်သည်သူရဲတို့နှင့်စစ်တိုက်ကြလေရာရာမြမ္မာတို့သျှုံး ကြေပျက်စီးသော့ကြောင့်တလိုင်းပြည်
နိုင်ငံအလုံးကိုအင်္ဂလိတ်ဘုရင်ရဲမက်တို့သိမ်းယူလေပြီ။

ဣန္ဒြဘုရင်ကပိုမို၍မတောင်းအမှန်ကိုသာတောင်းသည်မှာမြမ္မာရှင်ဘုရင်ကထိုကာလမနာ
မယူငြင်းပယ်သည်အရာမှာလည်း တစုံတခုမဆင်ခြင်မထောက်ထားယူလေသည် ဥစ္စာများကို
လည်းပြန်၍မပေး၊မိမိတိုင်းပြဉ်မပျက်စီးမကွဲးပြားစေရန်နှိမ့်ချသောသဘောနှင့်အထက်ညှည်း
ဆဲလေသောအမှုကို အင်္ဂလိတ်မင်းစိတ်သဘောပြေရှင်းအောင် ကြာမြင့်စွာဆိုင်းငန့် ငြားသော်
လည်းယခုတိုင်မြမ္မာမင်းကစိတ်သဘောမရ။

ထိုကြောင့်အထက်နှိပ်စက်ဖိစီးလေသည် အထွက်နောက်နောင် အထက်ကဲ့သို့အမှုမဖြစ်ရ
အောင်ဣန္ဒြတိုင်းပြည်ကိုစိုးအုပ်ပိုင်ဆိုင်တော်မူသောဘုရင်ကကျော်ညာစေတော်မူသည်ကား၊
ယခုနေ့ကစ၍တလိုင်းနိုင်ငံအလုံးသည်အင်္ဂလိတ်မင်းလက်နက်နိုင်ငံတော်ဖြစ်လေပြီ။

သို့ဖြစ်၍တလိုင်းပြည်တွင်ကျန်ရှိလိုက်သမျှမြမ္မာစစ်သည်တို့ကိုနှင်ထုတ်စေ။၎င်းတိုင်းပြဉ်
ကိုအုပ်စိုးစီရင်ရန်မင်းကြီးမြို့ဝန်မြို့စားအရာရှိတို့ကိုလျင်မြန်စွာခန့်ထားတော်မူလိမ့်မည်။

ပကိုးတိုင်းသူပြည်သားအပေါင်းတို့၊ ယခုအင်္ဂလိတ်မင်းဘုန်းတန်ခိုးအာနုဘော်တော်ကိုအ
ဘယ်သူမျှမဖက်ပြိုင်နှိုင်ကြောင်းကို သင်တို့မျက်မှောက်တွင်ထင်ရှားလေပြီ၊ အင်္ဂလိတ် မင်းတို့
သည်ဖြောင့်မတ်စွာသစ္စာအားဖြင့်လည်းကောင်း၊မေတ္တာအားဖြင့်လည်းကောင်း၊ အုပ်စိုးစီရင်
တော်မူသည်။ထို့ကြောင့်အင်္ဂလိတ်မင်း၊စိုးအုပ်ပိုင်ဆိုင်သည်နှင့်မှီခိုရန်သင်တို့ကိုဣန္ဒြဘုရင်က
ခေါ်ဝေါ်သိမ်းရုံးတော်မူသည်။

ဣန္ဒြရှင်ဘုရင်ကအထက်မြမ္မာတို့ကနှိပ်စက်လေသည်အတွက်၊ယခု တိုက်ခိုက်သိမ်းရုံး၍ယူသောနိုင်ငံ
သဉ်တော်လေပြီဖြစ်၍မြမ္မာနိုင်ငံအလုံးကိုတိုက်ခိုက်သိမ်းပိုက်ယူရန်အလိုမရှိ။ သို့ဖြစ်သော့ကြောင့်
စစ်ငြိမ်းရန်သဘောတော်ရောက်သည်။

သို့ရာတွင်အင်းဝရှင်ဘုရင်သည် အင်္ဂလိတ်မင်းနှင့်အထက်ကဲ့သို့မိတ်သဟာယဖွဲ့ခြင်းကို
မပြုမလုပ်ဘဲအင်္ဂလိတ်မင်းကယခုသိမ်းရုံးပိုင်ဆိုင်တော်မူသောတိုင်းနိုင်ငံများကိုတစုံတခုမြမ္မာ
မင်းကမွှေနှောက်ဖျက်ဆီးလျှင်ဣန္ဒြရှင်ဘုရင်ကမိမိဘုန်းတန်ခိုးတော်ကိုထပ်မံ၍ ထင်ရှားအောင်
ကြီးမားစွာဒါန်ပေးလိမ့်မည်။ ဤကဲ့သို့ဝါကြွားသောစိတ်သဘောနှင့်အစည် မပြတ်တိုက်ခိုက်
ရန်ကြံဖံလျှင်မြမ္မာနိုင်ငံပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။၎င်းမြမ္မာရှင်ဘုရင်ဆွေမျိုးတစုတို့ကို
မိမိတိုင်းနိုင်ငံကတခြားတိုင်းပြည်သို့နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။

၁၂၁၄ခုပြာသိုလဆန်၁၁ရက်နေ့