Page:ရွှေမန်းတင်မောင်.pdf/64

From Wikisource
Jump to navigation Jump to search
This page has been proofread.

ကား စေတနာမိုး ရွာသွန်းဖြိုးလေ့မရှိကြပေ။ “သမုဒ္ဒရာရေဘဲ၊ တယောက်ထဲ သောက်လို့မကုန်နိုင်ပါဘူး။ ပညာပါရမီတောင် ဖြစ်ပါသေးတယ်”ဟု ပစပ်က လွယ်လွယ်ပြောသော်လည်း လက်က မပါကြချေ။ အရေးကြီးသောအချက် အလက်ကို လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်ကြသည်။

ဤကား နောက်ပိုင်း အင်္ဂလိပ်ခေတ်မှစ၍ ပျက်စီးနေသော အကျင့်ဖြစ်သည်။ထိုအကျင့်သည်ယနေ့တိုင်အောင်ပင် မပျောက် ပျက်သေးပေ။ မြန်မာဘုရင်များ ရွှေ လက်ထက်က ဆိုလျှင် ဇာတ်လမ်း ဇာတ်ကွက်၊ ဇာတ်ချင်းများကို သေချာစွာ မှတ်တမ်းတင်ထားရသည်။ သို့ကြောင့်ပင် ယခု လူများ ထိုခေတ်က ဇာတ်သဘင်၏ အခြေအနေကို လေ့လာ ဆည်းပူး နိုင်ခြင်း ဖြစ်လေသည်။

ရွှေမန်းတင်မောင်သည် သူ၏ တီထွင်မှု ဇာတ်လမ်းဇာတ်ကွက်များနှင့် ဇာတ်ချင်း အပြည့်အစုံကို စာအုပ်စာတမ်းဖြင့် မှတ်တမ်းတင်ထားရန် စာပေနယ်မှ ပုဂ္ဂိုလ်တဦးနှင့် စကား စေ့စပ်ကမ်းလှမ်းနေသည်ဟု သိရပေရာ ဝမ်းသာမိပေသည်။ ယခုအခါ ကပြနေကြသော ဇာတ်ကွက်ဇာတ်လမ်း၊ ဇာတ်ချင်းတို့မှာ ဦးဖိုးစိန်၊ ဦးစိန်ကတုံး၊ ဦးအောင်ဗလတို့၏ လက်ကျန်များသာ ဖြစ်သည်။ ထိုဇာတ်ထုပ်များသည်လည်း တဦးတယောက်တည်းတွင် အပြည့်အစုံ မရှိပေ။ မင်းသားထံတွင် မင်းသားစာရှိ၍၊ မင်းသမီးထံတွင် မင်းသမီးစာ ရှိသည်။ သူဋ္ဌေး၊ သူကြွယ်၊ ဝန်ကြီး၊ ရှင်ဘုရင် စသူတို့၏ စာတို ပေတိုများလည်း ထို့အတူ သက်ဆိုင်ရာ အသီးသီးတို့


၆၃