Page:ရွှေမန်းတင်မောင်.pdf/62

From Wikisource
Jump to navigation Jump to search
This page has been proofread.

တင်မောင်၏ ကြီးပွါးတိုးတက်ခြင်းကို ပုဗ္ဗေစ ကတပုညတာထက် လုံ့လ ဝီရိယရှိခြင်း၊ ထက်မြက်သော ဉာဏ်ရှိခြင်းနှင့် စည်းကမ်းရှိခြင်းတို့က ပို့ဆောင်ပေးနေသည်။ သူ၏ လုံ့လ ဝီရိယ ဇွဲသတ္တိရှိခြင်း၊ ထက်မြက်လျင်မြန်သော ဉာဏ်ရှိခြင်းတို့ကို လူတိုင်းပင် သာမန်မျှ ကြည့်ရှုရုံနှင့် တွေ့မြင်နိုင်သည်။ သူ၏စည်းကမ်းရှိခြင်းကိုကား အနီးကပ်၍ လေ့လာမှ တိတိကျကျ သိ ရမည်ဖြစ်သည်။ တင်မောင်သည် ကိုယ်တိုင်လည်း စည်းကမ်းကို ရိုသေသည်။ သူ၏အဖွဲ့သားများကိုလည်း ရိုသေစေသည်။

သူ၏ ဇာတ်ခုံရှုခင်းကို ဂရုပြုပြီး ကြည့်ရှုပါက အမြင်မတော်သော ကရော်ကမယ်၊ ကပြက်ကချော်တို့ကို တွေ့ရမည် မဟုတ်ချေ။ လူမြင်ကွင်း ဇာတ်စင်ကို အလွန်ရိုသေစွာထားသည်။ သက်ဆိုင်ရာ ဇာတ်ဆောင်မှတပါး အခြားသူများကိုမတွေ့ရချေ။ ဘယ်နေရာက မီးရောင်စုံ ထိုးနေသည်ကိုပင် အတော် စဉ်းစားကြည့်ရသည်။ ဤမျှ ကျစ်လစ်သည်။

ဇာတ်ဆောင်တို့သည် ကပြနေရင်း အချင်းချင်း စကားများခြင်း မျိုးမှာလည်း ပွဲကြည့်သူ ပရိသတ်အတွက် လွန်စွာ ရုပ်ပျက်သည်။ မဆိုင်သူများ ဇာတ်ခုံဘေးမှ နေ၍ ဆင်းချည်၊ တက်ချည်မျိုး အစရှိသော အသေးစိတ် ကလေးများ သည်လည်း ဇာတ်သဘင်ကို ပေါ့ပျက်စေခြင်း ဖြစ်သည်။

ဆိုင်းသမားများကို ကြည့်ပြန်ကလည်း အလှည့်ကျလျှင် တီးမှုတ်ကြ၍ အလှည့်မကျသေးလျှင် ဣန္ဒြေရစွာနှင့် သူ၏ အလှည့်ကို အသင့်စောင့်နေကြသည်။ ဆေးသောက် ကွမ်းစား၊ အချည်း


၆၁