Page:ရွှေမန်းတင်မောင်.pdf/51

From Wikisource
Jump to navigation Jump to search
This page has been proofread.

ပြောဘို့ပင် မလိုတော့ပါ။ စာအုပ်စာတမ်းတွေနှင့် အထင်အရှားပင် ရှိနေပါသည်။ ကျွန်တော်သည် အရိုးကို အရွက်ကဖုံးစေသည်မဟုတ်ပါ။အရိုးကို ရိုးလွန်းလို့ ပစ်ထားလေရာ ပြန်လည်ထုတ်ဖော်ပြီး အရောင်တင်ပေးခြင်းသာ ဖြစ်ပါသည်။ ဘဲလေးဆိုသည်မှာ စင်စစ် အပျိုတော် ၁၂-ခန်း အကပါဘဲ။ အပျိုတော် ၁၂-ခန်း အကဆိုလျှင် ပွဲကြည့်ပရိသတ်က နတ်ဝင်သည်လိုလို ဘာလိုလိုနှင့် တမျိုးမြင်နေမှာဖြစ်၍ ခေတ်အလိုက် ဘဲလေးလို့ ကင်ပွန်း တပ်လိုက်ရတာပါဘဲ။ ဂန္ဓမာတောင်ဆိုယင် အပျိုတော် ၁၂-ခန်းက ဘီလူးကကို အမွှန်းတင်လိုက်ခြင်းပါဘဲ....”

ရှေးဦး စတင် တီထွင်ရာဝယ် အပြစ်ဆိုစရာ ရှိလေက တီထွင်သူကိုပင် ဝိုင်း၍ဆိုကြသည်။ အကျိုးတရားကိုကား အများအပြား ဝိုင်းအုံ၍ ခံစားကြလေသည်။ သူ၏အကမှာ အနောက်တိုင်းက ဘဲလေးနှင့် ခပ်ဆင်ဆင်တူ၍ ဘဲလေးဟု ဆိုရသော်လည်း အမှန်မှာ မြန်မာတို့၏အရိုးခံ အဖိုးတန်များကို သိဒ္ဓိတင်ပေးခြင်းသာ ဖြစ်လေသည်။ ဘာသာပြန်ကောင်းသော စာရေးဆရာတဦးသည် ဘာသာပြန်မှန်း မသိရအောင် ဘာသာပြန်သကဲ့သို့ပင် တွေ့မြင်ရသည်။

ရွှေမန်း၏ဘာသာပြန်တို့မှာလည်း ထို့အတူပင်ဖြစ်လေသည်။ အော်ပရာဟု၎င်း၊ ဘဲလေးဟု၎င်း မပြောက မသိနိုင်ပါ။ မြန်မာ့ယဉ်ကျေးမှုတခုကို ထုတ်ဖော်သွားသကဲ့သို့ပင် ဖြစ်သည်။

အော်ပရာဆိုသော စကား၏ အဓိပ္ပါယ်မှာ အကမပါ၊ အဆိုကို အသားပေး၍ ပြသော ဇာတ်ပင် ဖြစ်သည်။ စကားပြောလျှင်


၅၀