Page:ရွှေမန်းတင်မောင်.pdf/45

From Wikisource
Jump to navigation Jump to search
This page has been proofread.

ခွင့် ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာသာပြန်မှာ ဗမာဟန် မပါယင်တော့ ပြတ်ပြတ်သားသား ဝေဖန်ပါခင်ဗျာ။ ကျွန်တော်တို့ဟာ ရှေးတုန်းက ယိုးဒယား၊ ပသျှူး၊ ဗာလီ၊ အိန္ဒိယ၊ တရုတ်လောက်နှင့်သာ ဆက်သွယ်ကြပါတယ်။ ဆက်သွယ်မိသလောက်ဘဲ ဘာသာပြန်ပြီး ကိုယ့်မူဖြစ်အောင် ကြံဆောင်ကြပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ တကမ္ဘာလုံးနှင့် ဆက်သွယ် နေကြရပါတယ်။ သည်တော့ ကမ္ဘာ့ပညာတွေကိုလဲ ကျွန်တော်တို့ ဗမာ့အက္ခရာစာလုံးနှင့် ပြန်ဆိုဖို့ ကျွန်တော်တို့မှာ တာဝန် ရှိနေပါတယ်”

တင်မောင်က ဖြေဆို ရှင်းလင်းပြလေသည်။ မှန်သည် မြန်မာတို့သည် သူ၏ ဘာသာပြန် အော်ပရာကို လှိုက်လှဲစွာ ကြိုဆိုလက်ခံကြလေသည်။ ရန်ကုန် မြို့သူမြို့သားတို့ဆိုလျှင် ၁၉၃၆-ခုနှစ်က ကန်တော်ကြီးပွဲတွင် သူ၏ ယောက်ျားတံခွန် အော်ပရာများကို ကြည့်ရသည်။

“ခင်ဗျားရဲ့ တီထွင်ချက် ကောင်းတော့ ကောင်းပါရဲ့ဗျာ။ တော်တော့ကို ကောင်းပါတယ်။ ဒါပေမဲ့ အော်ပရာဆိုတဲ့ နာမယ် ကြီးကိုတော့ မကြိုက်လှဘူးဗျာ။ ဒီနာမယ်ကိုလဲ ဗမာ ဆန်ဆန် ဘာသာပြန်ယင် ကောင်းမယ်”

“အမည်နာမ ဝေါဟာရကို တီထွင်တို့ကတော့ ကျွန်တော်လို လူမျိုးရဲ့ အလုပ်မဟုတ်ဘူး ထင်ပါတယ်။ သည်အတွက် သုခမိန်များ ရှိကြပါတယ်။ သို့ပေမင့် မြန်မာနိုင်ငံ အဝှမ်းမှာ အင်္ဂလိပ်ကျောင်းတွေ တန်ခိုးကြီးနေသည့်အချိန်မှာ သူ့ကို အော်ဂလီဆန်


၄၄