Page:ရွှေမန်းတင်မောင်.pdf/39

From Wikisource
Jump to navigation Jump to search
This page has been proofread.

သည်တို့သည် သာမည ရုံမှာပင် မကနိုင်ကြချေ။ ရုံခပင် ကျေအောင် မရသဖြင့် အလို အလျောက်ပင် ရုံထဲက ထွက်ခါ လာခဲ့ကြရသည်။ ကြည့်ချင်ပွဲခေါ် ဗလာပွဲ၊ အခမဲ့ပွဲ အဖြစ်သို့ ပြန်လည် ဆုတ်နစ်သွားကြရကုန်သည်။ တင်မောင်ကား ငွေရှိ၍ ရွက်ထည်ရုံနှင့် ကခြင်း မဟုတ်ချေ။ ပရိသတ်၏ တောင်းဆိုချက်အရ ကခြင်းသာ ဖြစ်သည်။

တင်မောင်ကို အခမဲ့ ကြည့်ချင်ပွဲ အဖြစ် ဆက်လက် ကစေ၍ မဖြစ်နိုင်ချေ။ တခဲနက်မျှ ပြည့်လျှံနေသော ပရိသတ်ကို ထိန်းသိမ်းရန် မဖြစ်နိုင်တော့၍ ရုံသွင်းလိုက်ရခြင်း ဖြစ်သည်။ ရုံသွင်းကာ လူကို ကန့်သတ်လိုက်ရသည်။ သို့ရာတွင် ရုံလျှံ၍ ဖွင့်ပေးလိုက်ရသည်က များသည်။

ရှေးအခါက ဦးဖိုးစိန်နှင့် ဦးစိန်ကတုံးတို့သာ မတ်တန်းနှင့် ကနိုင်သည်။ အခြား မင်းသားများမှာ မူးတန်း ဖြစ်သည်။ ထိုနေရာတွင် တင်မောင်က မတ်တန်းနှင့်ပင် စတင်ခဲ့သည်။ သုံးမူးတန်းမှာပင် စစ်ဖြစ်၍ ရပ်ဆိုင်းလိုက်ရသည်။ ထိုစဉ်အခါက သူ၏ ဇာတ်ပွဲတွင် တညအတွက် ဝင်ငွေမှာ ခြောက်ရာမှ တထောင်အတွင်း ဖြစ်သည်။

လွတ်လပ်ရေး ခေတ်တွင် သူ၏ ရုံဝင်ခမှာ တကျပ်မှ တကျပ်ခွဲ အထိ ဖြစ်လာပြီး ဝင်ငွေမှာ တညလျှင် ပျမ်းမျှ ၃၀၀၀ိ-ခန့် ဖြစ်လာသည်။ ညဉ့်ဝက် စံနစ် တီထွင်လိုက်သောအခါ ရုံဝင်ခမှာ ၃ိ မှ ၁၀ိ အထိ တိုးတက်လာပြီး ဝင်ငွေလည်း တဆ တိုးတက်လာသည်။


၃၈