Page:ရွှေဘုံနိဒါန်း.pdf/66

From Wikisource
Jump to navigation Jump to search
This page has been proofread.

မယိုင် ခိုင်ခံ့တံ့စား နိုင်လေသည်။ ထိုမှတပါး မင်းရုပ်တု

တို့သည် တိမ်းမပ်လည်းယိုင်ကြကုန်သည်။ မျက်လုံးဝေဒနာ

လည်း သန့်ရှင်းစင်ကြယ်လေသည်။ သည်ကို အကြောင်း

ပြု၍ ရွှေထီးရွှေနန်းအဆက်ဆက် ရွှေကို မင်းရုပ်တုလုပ်၍

ထားလေသည် ဆိုသည်။ မင်းရုပ်တု ထားသည်မှာလည်း

တန်ဆောင်းသုံးထပ်၊ ကြာယပ်နှင့် လေးမျက်နှာသံကွန်

ရက်၊ ရွှေချတံခါးသော့ခတ်၊ ဇေတဝန်ဆောင်တော် ကွန်း

စင်အတွင်းတွင် အနောက်သို့မျက်နှာပြု၍ စီစဉ်ခင်းကျင်း

ထားလေသည်ကို အကြောင်းပြု၍ ပညာရှိတို့ စပ်ဆိုသည်

မှာ "မျက်မြတ်စီဆင် ပေါင်းဖျင်ရတနာ မင်းတန်ဆာ

နှင့် စဉ်လာရှေးတီး နတ်ပြည်မှီးသား ဘုန်းကြီးမင်း

ပေါင်း ဘေးလောင်းမင်းကျော် ဘိုးတော်မင်းချစ် မြတ်

စစ်သည်ချည်း ခမည်းတော်တိုင် မယ်တော်ပြိုင်လျက်

ရောင်စိုင်ရွှေဥ မင်းရုပ်တုကို သာဓုကော်ရော် ပူဇော်

သက္ကာ ကြည်ညွတ်စွာမှ" ဟူ၍ စပ်ဆိုလေသည်။

(၅၃) ဇမ္ဗုသပြေ ထွက်တော်စည်ဖြစ်သော စည်

တော်စုံ၏အကြောင်းမှာ အလောင်းစည်သူ ဇမ္ဗူလည်

သည့်ကာလ ကျွန်းဦးသပြေပင်သို့ ရောက်သည်။ ဘုရား

ငါးဆူတို့ နေတော်မူရာ ကျောက်ဖျာကိုလည်း ဘုရားသ

ခင်ရုပ်တုတော် ဘန်ဆင်း၍ ကိုးကွယ်စိမ့်သောငှါ သိ

ကြားနတ်တို့ အပ်လိုက်သည်။ သပြေပင်အရပ် ယူဇနာတ

ရာ၊ ခက်မအခွတိုင် ယူဇနာငါးဆယ်။ ထိုဇမ္ဗုသပြေပင်

ကို လေခတ်သည့်ကာလ တူရိယာငါးပါးအသံကဲ့သို့ ရှိ