Page:ရွှေဘုံနိဒါန်း.pdf/60

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဘွယ်ယူသင့် ဆိုရန်ဆိုခွင့်ရှိလေသည်။ ရခိုင်ရာဇဝင်တွင်

တောက ရစ်သတ္တဝါကို ရ၍ ကြာရိုးကြာရွက်တို့ကို အမိုး

အကာပြုသည်။ ကြာပွင့်ကြာချပ်တို့ကို ပတ်လည်ဆွဲထား

၍ မူဆိုးယူခဲ့သည်တို့ကို အစွဲပြုသဖြင့် ကြာယပ် လုပ်ဆောင်

ခေါ်ဝေါ်သည် ဆိုသည်။

(၅၀) နန်းမနန်းဦး၌ တည်ထားမြဲ အလျားခုနစ်

တောင်၊ အနံခုနစ်တောင်၊ ခြေခြောက်ချောင်းတပ်သော

သလွန်တော်ကို စာဟောင်းစာတမ်းများတွင် ဆိုသည်။

ထိုသလွန်တော်၏ အကြောင်းယုတ္တိမှာ ပြူစောထီးကို

ခမည်းတော်နေမင်းက လေးမြားအပ်၍ ငှက်၊ ဝက်၊ ဘီလူး၊

ဗူး၊ ရှူးပျံ၊ ကျား ခြောက်ပါးသောရန်တို့ကို နှိပ်နင်းအောင်

မြင်၍ မင်း၏အဖြစ်သို့ ရောံခြင်း၊ ခြောက်ပါးသောရန်တို့ကို

အောင်မြင်ခြင်းနိမိတ် ထင်ရှားစေလို၍ ငှက်၊ ဝက်၊ ဘီလူး၊

ဗူး၊ ရှူးပျံ၊ ကျားတို့သဏ္ဌာန် ခြောက်ရုပ်လုပ်၍ မပြတ်အိပ်

ရာနေရာတွင် အောက်အခံဖြစ်သော ခြေခြောက်ချောင်း

တပ်လေသည် ဆိုသည်။ ငှက်၊ ဝက်၊ ဘီလူး၊ ဗူး အစရှိသော

ရန်တို့ကို လေးဖြင့်အောင်သည်ကို အကြောင်းပြု၍ ပညာ

ရှိတို့ စပ်ဆိုသည်မှာ "သိပ္ပဓနု လေးမှုတတ်ပွန် လက်ရုံး

အန်နှင့် နိုင်ဟန်ရှေးဦး ငှက်ဘီလူးက စားကြူးဆီခဲ

ဝက်ထီးရဲကို ရန်ပွဲခွင်းလွှတ် အရိမဒ်ဝယ် ပစ်သတ်ဥမျိုး

ရန်ညွန့်ချိုးသည် တန်ခိုးရည်မျှ ပင်ကိုသော" ဟူ၍၎င်း၊

"လွေ့လွေ့ဖြူထွား ဥမြတ်ဘွားက တရားရန်နင်း ပြူမင်း

ဖြစ်စ လေးနတ်သနှင့် ကြီးလှငှက်ဆင် အောင်မြင်ဝက်