Page:ရွှေဘုံနိဒါန်း.pdf/51

From Wikisource
Jump to navigation Jump to search
This page has been proofread.

ရာ ပွတ်တိုင်လုပ်၍ နန်းတွင်ထားသည်။ စေသုံးသည့်

ကျေးနားရန် ထားသည့်တိုင်ဖြစ်၍ ကျေးစေတိုင် ခေါ်

သည် ဆိုသည်။ ထိုကျေး အစဉ်မပြတ် နားရာတိုင်ဖြစ်၍

ကျေးစဉ်တိုင် ခေါ်သည်လည်း ဆိုသည်။ ကျေးစေတိုင်

ခေါ်သည်ကို သဝေထိုးကို ညသတ်ရေးပြန်၍ ကျေးစဉ်

တိုင်ဖြစ်သည် ဆိုသည်။ တနည်းလည်း ဘုရားအလောင်း

ကျီးမင်း မယားသည် ဗာရာဏသီမင်း၏စားတော်ကို

စားချင်၍ အရှင်သာရိပုတြာအလောင်းဖြစ်သော ကျီး

သည် ပျံသွားပြီးလျှင် စားတော်သည်ကို စားတော်ဆက်

တင်သည့်ကာလ မျက်နှာကို အတောင်ဖြင့်ခတ်၍ ထိုး

ဆွပ်ဆွတ်ဆိတ်ဆွသည်တွင် ကျီးကိုဘမ်းမိ၍ မင်းအားဆက်

လျှင် ဗာရာဏသီမင်းလည်း မေးမြန်းသော် ကျီးမင်း

မယားသည် စားတော်ကိုစားချင်သောကြောင့် စေခိုင်း

၍ အရှင့်အမှုကို ရွက်ဆောင်ကြိုးပမ်းပါသည်ဆိုလျှင်

မှူးမတ်အလယ်၌ ကျီးကိုထား၍ တိရိစ္ဆာန်မျှ အရှင့်အမှု

ကို စွန့်စားထမ်းရွက်သည်ဟု ချီးမွမ်းပြီးလျှင် စားတော်

ကိုလည်း ပေး၍ လွှတ်လိုက်လေသည်။ "တနေ့မပြတ် ယူ

လာလှည့်" မှာထား၍ ကျီးသည် မပြတ် ချီယူလာသည်။ ကျီး

ယူရန် စားတော်တင်ထားရာ တိုင်လုပ်၍ ကျီးစာပေး

သောကြောင့် ထိုတိုင်ကို ကျီးစာတိုင် ခေါ်ဝေါ်သမုတ်

သည်လည်း ဆိုသည်။ အခေါ်အသုံး အရေးအသားများ

ရာလိုက်၍ ခေါ်ဝေါ်ရေးသားသင့်သည်။

(၄၇) မောင်းမလည် ခေါ်သည်မှာ မောင်းမမိဿံ