Page:ရွှေဘုံနိဒါန်း.pdf/48

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဘွဲ့မည်ရာပေး ပျပ်ပျပ်ကွေးမှ ကျူးဧယဉ်နု ရတုလျှောံ

သံ ညင်းညင်းညံမျှ ဆင်ရံမြင်းခင်း ရွှေနန်းတွင်းဝယ်"

ဟူ၍၎င်း၊ "ပြိုင်တူလွတ်ကင်း ယဉ်ကျော်မြင်းကို ရာမင်း"

ထိပ်ပေါ် ဘုန်းလှိုင်ကျော်မှာ စိတ်တော်လိုရာ ရည်

တိုင်းပါဟု" ဟူ၍၎င်း၊ "မှူးမတ်များနှင့် မင်းသားမင်းညီ

ရှိဦးစီလျက် ပည်းသီးအုန်းအင်း ရွှေနန်းတွင်းဝယ် ဆင်

မြင်းဝန်းရံ ဒိုင်းလွှားခံ၍ ငြာသံခြိမ့်မျှ စက်ထိုးကြသော်

မြင်းကရိုက်အောင် ထွတ်ဘုန်းခေါင်သည် ပြောင်ပြောင်

မြူးကွန် လှံသွားပျံနှင့် လက်တန်တော်မြှောက် စက်

တိုင်အောက်၌ နှိုင်းထောက်လွှတ်ကွာ စံသောခါလည်း"

ဟူ၍၎င်း၊ "နွယ်ပန်းခွါညို လပြာသိုကား ရွယ်ပျိုအ

လတ် နုထွတ်ဆင်းရောင် မှူးခေါင်မတ်ဖျား မင်းသား

မင်းမြေး ဆုန်းရေးတိုက်ဘက် စွယ်ချက်ချီဝင့် ချွန်းဘွင့်

တိုက်လွှတ် ဆင်တတ်ဆင်လျှင် ခြေလျှင်ခြေချင်း မြင်း

လည်းမြင်းလျောက် ထိုးမြှောံလှံလေး ခုန်ပြေးမြန်လျှင်

စိုင်းနှင်ကြွားကြွား ထားသွားချွတ်ငင် မွမ်းမွမ်းဖြင်မျှ

သဘင်မြင်းခင်း စစ်အင်ကျင်းသည်" ဟူ၍၎င်း

စပ်ဆိုလေသည်။

(၄၃) အနောက်ပွဲတက်ဆောင်တွင် ရာဇပလ္လင်

ထည့်သည်လည်း ဆိုသည်။ ထည့်သည့်ရာဇပလ္လင်တွင်

ဆင်ရုပ်အပြည့်ခံသည် ဆိုသည်မှာ ဒဂုန်ဆင်ပျံရှင်လက်

ထက် ဆင်ရုပ်ရာဇပလ္လင်ဖြစ်ကြောင်းကို အစဉ်ပြောဆို

သည့်စကားနှင့် ညီလေသည်။ ပြတင်းကြီးနှင့် အတွင်းက