Page:ရွှေဘုံနိဒါန်း.pdf/34

From Wikisource
Jump to navigation Jump to search
This page has been proofread.

ပဒုမာကြာချပ်သဏ္ဌာန် ရွှေဖြင့်ရေးသောနေရာထက် စံ

ပယ်လျက် ဥတ္တရာဘဒြပိုဒ် အစရှိသည်ဖြင့် မြောက်

နက္ခတ်သုံးလုံးတွင် တလုံးလုံးနှင့်ယှဉ်၍ အဘိသက်ခံခြင်း

ဖြစ်လေသည်။ ဥတ္တရာသုံးပါးနက္ခတ်သည် အဘိသေက

နက္ခတ် ဆိုသည်။ ပညာရှိတို့ စပ်ဆိုသည်မှာလည်း "အ

ဘိသေက ဥတ္တရဟူသည် မြတ်သုံးမည်တွင် ရောင်ခြည်

ပြဲ့ပြဲ့ နှစ်ဆဲ့ခြောက်လုံး မင်းသုံးနက္ခတ်" ဟူ၍ စပ်ဆို

သည်။

(၂၃) ရေသဖန်းပျဉ်တွင် ပဒုမာကြာချပ် ရေးသည်

မှာ ကမ္ဘာတည်ဦးက ပဒုမာရွှေကြာပွင့်တွင် သင်္ကန်းအစုံ

ပါသည့်နိမိတ်ကို ထောက်၍ ဘုရားပွင့်တော်မူကြောင်းကို

သိရသည်ဖြစ်သောကြောင့် ဥကင်ဘွင့်ရာ၊ ပလ္လင်ဘွင့်ရာ၊

ဘုန်းတန်ခိုးဘွင့်ရာဖြစ်၍ ရှေးအကြောင်းကို ထောံသ

ဖြင့် ပဒုမာကြာပွင့်ကြာချပ်သဏ္ဌာန် ရေးသားလေသည်။

(၂၄) မြေနန်း လက်မေးတန်းနှင့် ပြာသာဒ်ဆောင်အ

ကြား မြေလပ် လွှတ်ထားသည်မှာ ဥကင် ရာဇပလ္လင် ပြာ

သာဒ်တော် လက်ဝဲလက်ျာ ဆင်ရဲကနှင့် ကျွန်ယုံအမတ် စစ်

ဝတ်ဆင်လျက် စောင့်နေရသည်။ ရှေးစာတမ်းများတွင် ပါ

သည့်အတိုင်း ပြာသာဒ်ဆောင်တော်နှင့် မြေနန်းတော်

အကြား မြေလပ်သည် ဆင်ရဲကနှင့် စစ်ဝတ်ဆင်လျက်

ကျွန်ယုံအမတ် လက်ဝဲလက်ျာ စောင့်နေရန် လွှတ်ထား

သည် အမှန်ယူရမည်။

(၂၅) မြေနန်းစမုတ်ဦးအရှေ့ မင်းတက်တံခါး လက်