Page:ရွှေဘုံနိဒါန်း.pdf/119

From Wikisource
Jump to navigation Jump to search
This page has been proofread.

သင့်ရာ ရွေးချယ်ရှာ၍ မုတ္တာသီရုံး ပုလဲကုံးနှင့် ဘုံလုံး

ရောင်ဝှန် လဗိမာန်ဝယ် သဏ္ဌာန်ကွေးကွေး စက်အ

ရေးသည် ရှည်ဝေးများစွာ ကမ္ဘာခိုင်ကျည် ကပ်လုံး

တည်သို့ အမည်ဘော်ထုတ် သမုတ်နာမံ ထုံးစံဖြစ်စေ

ရေးထားပေအံ့ သံခြေနှုတ်ယဉ် ပဋိညာဉ်ဖြင့် စီလျဉ်

ချိုနွဲ့ ဆိုခဲ့သည့်တိုင်း အလှိုင်းပြောကျယ် မြစ်ပင်လယ်

သည် အံ့ဘွယ်ရှစ်ပါး ရှိသောလားတည့် မှတ်သားလို

ခါ သုံးရာစေ့စုံ မင်းရေးကုံသား ရွှေဘုံနိဒါန်း မော်

ကွန်းစိုက်ထောင် သည်စာစောင်မူ အခေါင်စိုးအုပ်

ကျွန်းလုံးချုပ်သည် ကျွန်ုပ်ထိပ်ပန် ဗောဓိရန်လျှင် ဖလ်

မှန်ခြယ်သန်း ဆောင်ဆောင်နန်းထက် ဆယ်ပန်းပွင့်ပွင့်

လေးဆင့်သင်္ဂဟ သတ္တအပရိဟာ ဆောင်ရွက်ကာနှင့်

ခန္ဓာသက်တော် ရာမြတ်ကျော်အောင် ထွန်းပေါ်နေ

လ နှစ်စုံပသို့ တေဇတက်တိုး တန်းခိုးတက်ဖြာ အာ

ဏာတက်ပြုန်း ရွှေဘုန်းတက်လန်း အဆန်းဆန်းတည့်

တောင်ကျွန်းအစ သုံးဒီပနှင့် ဒေဝနတ်ရပ် နှစ်ထပ်ပိုင်

စိုး မိုးမည်သီလ မြတ်ပုညကြောင့် သတ္တရတနာ ရက်

မကြာလျှင် ရောက်လှာတော့မည် ညွန့်ရှည်ကောင်း

ဟိတ် နိမိတ်ဩဘာ မင်္ဂလာဖြင့် သမ္မာနတ်တော်

ပင့်နှိုးဆော်၍ ထင်ပေါ်ရွှန်းရွှန်း ဘုန်းကြောင့်ထွန်း

သည် ရွှေနန်းရွှေဘုံ လက်သုံးတည်း။

ရွှေဘုံနိဒါန်း ဤတွင်ပြီး၏။