Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/45

From Wikisource
Jump to navigation Jump to search
This page has been proofread.
၂၈
မဟာဂီတပေါင်းချုပ်ကျမ်း

လှော်ရရလေး x ရာကျော်စွာရှည်ရရလေး x လောင်းရိုး လောင်းရိုး လက်သင်များစွာပင်၊ ရွှေစင်တည့် စက်ကွင်း ဝါဝင်းဝင်းxရွှေဖောင်တော်တည့် လျှံလင်းလင်း စံကာမင်းထက်မင်း x ထွက်ခါကျင်းပ ဆက်စာနှင်းသ လောင်းမင်းထွတ်မှန်ကူလေတည့် လေးကျွန်းနတ်မဉ္ဇူ။


၂၂။ ကျောင်းတော်ကြီးကြိုး

ဝေဇယန်နှင့် နှုန်းငြား မထူးခြား× ဝေဇယန်နှင့်နှုန်းငြား မထူးခြားxရွှေ ကျောင်းတော်ကြီး ဘုံဆောင်၊ ကျူးလွန်းအောင်၊ ဆောင်တကာ လေဝန်း၊ ထွေတရာလေဆန်း၊ ငွေအရောင်လိုပင်၊ ရွှေအရောင်လိုထင်၊ ရှိန် အရိန်ပြာ အရာ နီ အရီ သယ်လေကျောင်းတော် ကျူးကျော်သည့်လေဟန်၊ ဖန်မှန်ရောင်မြနှင့်၊ စိန်နီလာကြောင်နှင့်ပုလဲ၊ နေခြည်ရောင်သင့်သောခါ၊ ဘယ်သူပင်ကြည့်ဝံ့ဘူး x မြင့်လှဖြူးဖြူးတိမ်ဆီ၊ အံ့ဩကြဘူးနိုင်ပြီ၊ သံသရာ ရှေးဝဋ်နှင့် ကင်းအောင်ရှင်းအောင်၊ ဆင့်ဆင့်တိုးကြောင်း ပွားကြောင်း x ကောင်းစွာရွှင်မြူး ကြည်စွာနှလုံး၊ အကုန်အစင်ကျုံးပါလို့၊ ကောင်းဆုံးမြတ် လှူတော်လေတည့် ကောင်းဆုံးမြတ်လှူတော်။


၂၃။ အတွင်းတိုးပြေးကြိုး

ခွဲခွဲခြားခြား လးလားမုန်းထား၊ ကျွန်မမှာ မိန်းမသား x တူမပျော်ဘူး၊ စိတ်ထဲမှတ်စွဲ ကျွန်မကို မုန်းရနဲ x ဝမ်းနဲ ဝမ်းနဲ နဲလေအောင် xထွေထွေပြားပြား ဆန်းဆန်းထူးထူး၊ ဘယ်ခင်းမှ ရှိပါဘူးxတွယ်တာပါဦး ရှင့်ဘုရား x စာနာပါဦး ထိပ်ထား x သည်သာလေ ပြေကြောင်း လျှောက်ကြား၊ ဝမ်းမှာသာ ဆူလို့သားxမိန်းမူး မိန်းမူး x မိန်းမူး မိန်းမူးမှိုင် x တွေးတောရင် x လုံးလုံးလုံးနှင်း၊ မိမယ်ပူဆွေးလွမ်း x ညှိုးငယ်လေညှိုးငယ်လေ၊ ညှိုးငယ်လေနွမ်းရိ၊ သန်းပြောင်းတွေမှိုင်ခါ x တမ်းယောင်ပူလောင်စာxထိပ်တင် မကြင်နာ x ဖြေလဲ ဖြေဘဲ၊ ဝမ်းကွဲပျောင်းမျှ လွမ်းကြောင်း ယုံအောင်သာ x ကြံကာလေထွေပြား၊ စကားတောင်နှယ် ပုံချည့်ချည့်လေး x ဆိုယောင်လေမြည်တမ်း၊ မချမ်းစိတ်မှာ၊ ပူချည်ချည့်လေး x ထိပ်ခေါင်တင်လေတည့် ထိပ်ခေါင်တင် x ဝိုးဝိုး ဝါးဝါး၊ မှားမှားယွင်းယွင်း၊ ဩော်ကံဆိုးရခြင်း xတော်တည့်တော်ပါ မည်လို့သာ၊ အကုန်လုံးလုံးနှင့် x ထိပ်တင်ကြင်ပါ မည်သို့သာ၊ ယုံယုံမိမှားမှားချေသည် x ပွားတောင်း များတောင်း ကြူးတောင်း ကဲတောင်း၊ ဆင့်ကာထပ်ပြန်လောင်းx