Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/43

From Wikisource
Jump to navigation Jump to search
This page has been proofread.
၂၆
မဟာဂီတပေါင်းချုပ်ကျမ်း

၁၇။ ပင်လယ်နတ်ကြီးကြိုး

ပုံနှုန်းဝတိန်သာ ယှဉ်စရာလေ ဘက်ကင်း၊ ပြန့်ကြွယ်ကျော်ကျူးရင်xထိန်ဝင်း-ထိန်ဝင်း တေဇာလျှံဖြာ၊ ထွန်းနေဖန်ဝါ x အာဏာနေအရောင်တည့်မှ စံရာဘွေအခေါင် x မြန်-ဘောင်လေ ဖြာဖြာလင်း၊ နတ်မျှရည်တူခင်း x ရာဇဉ်း ရာဇဉ်း ထီးကုန်အောင် တိုင်းတဲ့ တိုင်းပြည်ထောင် x ခွန်ဆောင် ခွန်ဆောင် ဆက်သလေး x ၊ ရွှေနန်းနန်း မြေလျှမ်း ပြောင်ပြောင်ဝေ၊ မြစ်ပေါင်းဝိုက်ခါခွေ x နန်းမင်းဝံထိပ်ဗွေ ကျွန်းနေခေါင်ဖျား မှန်လှလေး x ဘုန်းနေဝါဝင်း၊ ကျော် ကျော် ကျော်နံ့သင်း x အထွေထွေသားနတ်များ ဣန္ဒာယဉ်ချည့်လေ x ဧတည့် ဧကရာ၊ စကြာဆောင်ရရ ပန်ရရလေး x စုံပေါင်းစုံပေါင်း ယှက်ခါခါ ဆုံတောင်းမြွက်ပန်ထွာ x မြတ်ရာလေစံပျော်ပါး ရာကျော်ရှည်စေသား x ပြည်သူများကက x ဆုတောင်းမြွက်ပန်ထွာလေတည့် ဆုတောင်းမြွက်ပန်ထွာ။


၁၈။ ဗောဓိရွက်သံကြိုး

ထွေလာ နေမသာ ချမ်းမြမြဧး x မှိုင်းမှိုင်းဝေဝေ၊ မှိုင်းမှိုင်းဝေဝေ၊ မိုဃ်းကစွေ မှိုင်းမှိုင်းဝေဝေ၊ တောင်လေသုတ်ဖြူး၊ မှိုင်းမှိုင်းဝေဝေ တောင်လေသုတ်ဖြူး၊ ဆောင်းဦး ဆောင်းဦးဟေမာ၊ ကိုယ်ထူးနေရမှာ x ရွာလာ ရွာလာနှင့်နှင့်စေ x လွမ်းမပြေသည်၊ ထူးထွေ ထပ်ချည့်လေးxလွမ်းမပြေသည် ထူးထွေထပ်ချည့်လေး x မိုဃ်းရော လေရော ချမ်းလို့ သေအောင်နှော x မိန်းမော မိန်းမော စိတ်ကယ်တွင် မောင်တည့် မောင်မင်းရှင် x ထိပ်တင်လေထွေပြား၊ ဟိုမှာ သည်မှာသား x စံပျော်ပါးပါလို့၊ စံပျော်ပါးပါလို့၊ ထားထိပ်တင်လေတည့် ထားထိပ်တင်။


၁၉။ ဆရာနှုန်း ညွန့်ပေါင်းကြိုး

(၎င်းကြိုးသည် အလောင်းမင်းတရားကြီး မူးမြစ်ကို ဆည်တော်မူစဉ် ရေးသည်ဟု ပြောစဉ်ရှိလေသည်။)

ကြောက် ဘွယ် ဘုန်း တန်း ဖြစ်ခဲ့ထူးဆန်း ရန်သူဆိုက ဝေးတောင်း သိုက်ကျမင်းလောင်း ဂိမ္မန်ကာလ ကူးပြောင်း ပေါက်လုမူးကြောင်း၊ မူးမြစ်သီတာ-ချမ်းဧး ကြည်စွာ နမ်းရာကမ်းသို့ ရောက်ချည့်လေးxပြွန်ထားရည်ဆောင် ကုန်းဘောင်ပြည်သို့ပေါက်ချည့်၊ ကြံလေခြင်း၊ စည်လေခြင်း သယ်လေမင်းရှင်၊ မြစ်စကမ်းနား၊ မြစ်စ မြစ်စ ကမ်းနား၊ ပြည်ရွာပြည်ရွာ တိုင်းကား၊ ဝပြောသာ