Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/19

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မဟာဂီတပေါင်းချုပ်ကျမ်းကြီး ပြုစုရေးသားသော
ဦးပြုံးချို၏ အတ္ထုပ္ပတ္တိစာတမ်း

ယခုခေတ်မြန်မာပြည်တွင် ထင်ပေါ်ကျော်ကြားနေကြသော တူရိယာ ဂီတ ပညာသည်ဟူသရွေ့နှင့် ဂီတပညာ လိုက်စားကြကုန်သော ဂီတသုတေသီ အပေါင်းတို့သည် ဂီတပညာကို လိုက်စားကြရာ၌ ဂီတမူမှန် မူကောင်းကို စံနစ်တကျ စိတ်ချရအောင် ကဏ္ဍအသီးသီး ပိုင်းခြားသတ်မှတ် ရေးသားစီရင်အပ်သော ဦးပြုံးချို၏ မဟာဂီတပေါင်းချုပ်ကျမ်းကြီး ခေါ် ဂီတစာအုပ်ကို အခြေခံပြု၍ သင်ယူမှတ်သားလာကြရသူသာ များကြလေသည်၊ သို့ကြောင့်လည်း ထက်အောက် မြန်မာနိုင်ငံ တဝှန်းလုံးတွင် ဂီဟ စာအုပ် ဆိုလျှင် ဦးပြုံးချို၏ မဟာဂီတ စာအုပ်သာလျှင် လူကြိုက်အများဆုံး ဖြစ်ခဲ့လေသည်။

ဦးပြုံးချို၏မဟာတသည် မြန်မာပြည်တွင် အုပ်ရေပေါင်း(၂၀,၀၀၀) နှစ်သောင်းကျော် ထုတ်ဝေခဲ့ပြီးလေပြီ။

မြန်မာပြည်ရှိ မြောက်မြားလှစွာသော ဂီတနှင့် သဘင်ပညာသည်များ ကိုသာမက ဂီတတွင် အထုံဝါသနာပါကြကုန်သော အမျိုးကောင်း သားသမီးတို့အား ဦးပြုံးချိုသည် မဟာဂီတဟူသော ထွန်းပြောင်တောက်ပသည့် ဆီမီးတန်ဆောင်ဖြင့် လမ်းပြ၍ ကျေးဇူးပြုခဲ့သည့် အလျောက် ကျွန်ုပ်တို့သည် ဤမဟာဂီတပေါင်းချုပ်ကို သတ္တမအကြိမ်မြောက် သုတ်သင်ပြင်ဆင် ပုံနှိပ်ထုတ်ဝေရာ၌ မဟာဂီတဦးပြုံးချို၏ အကြောင်းကို တတ်နိုင်သမျှ ရေးသားဖော်ပြရန် တာဝန်ရှိခဲ့လေသည်။

ဦးပြုံးချိုသည် ၁၂၄၀-ပြည့်နှစ်တွင် ကျိုက်လတ်မြို့၌ ဖွားမြင်ခဲ့၍ အဘ ဆရာစီ - အမိ ဒေါ်ထွေးတို့၏ သားကြီး ဩရသ ဖြစ်လေသည်၊ ဦးပြုံးချိုကို ကျိုက်လတ်မြို့၌ ဖွားမြင်ခဲ့၍ ကျိုက်လတ်သားဖြစ်သော်လည်း ဦးပြုံးချို၏ ဖခင် ဆရာစီတို့၏မျိုးရိုးမှာ အကြေအရပ် မြစ်ဝကျွန်းပေါ်ဒေသ မဟုတ်ခဲ့ပေ၊ အထက် မြန်မာပြည် သူကောင်းမျိုးရိုးမှ ဖြစ်ခဲ့လေသည်၊ ဦးပြုံးချို၏ ဘိုး,ဘေး,ဘီ,ဘင်များမှာ မြန်မာဘုရင်မင်းမြတ်များ၏ သူကောင်းပြုခြင်းခံရသူ မြို့စား ရွာစားများဖြစ်၍ ဗန့်ကျီ ဗန့်မော်စသော ဗန့်ကျီကိုးတိုက်ကို စားရသော ဗန့်ကျီဝန်ဦးရွှေရုပ်သည် ဦးပြုံးချို၏ ဘေးတော်လေသည်။