Page:ပါရာဇိကပါဠိတော်.pdf/93

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အို ယောက်ျားဟူသည် ရှေးရှု ခေါ်ဝေါ်အပ်သော ယောက်ျား၏ အမည် ဖြစ်သည်။

သင့်အား ယုတ်ညံ့ဆိုးရွားစွာ အသက်ရှင်နေရခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟူရာ၌ ယုတ်ညံ့စွာအသက်ရှင်ခြင်းမည်သည် ကြွယ်ဝသူ၏ အသက်ရှင်ခြင်းကို ထောက်ဆ၍ ဆင်းရဲသူတို့၏ အသက်ရှင်ခြင်းသည် ယုတ်ညံ့အောက်ကျ၏၊ ပစ္စည်းရှင်တို့၏ အသက်ရှင်ခြင်းကို ထောက်ဆ၍ ပစ္စည်းမဲ့ တို့၏့အသက် ရှင်ခြင်းသည် ယုတ်ညံ့အောက်ကျ၏၊ နတ်တို့၏ အသက်ရှင်ခြင်းကို ထောက်ဆ၍ လူတို့၏အသက်ရှင်ခြင်း သည် ယုတ်ညံ့အောက်ကျ၏၊

ဆိုးရွားစွာ အသက်ရှင်ခြင်း မည်သည် လက်ပြတ်သူ၏ ခြေပြတ်သူ၏ လက်ခြေပြတ်သူ၏ နားပြတ် သူ၏နှာခေါင်းပြတ်သူ၏ နား နှာခေါင်းပြတ်သူ၏ ဤယုတ်ညံ့အောက်ကျ ဆိုးရွားစွာ အသက်ရှင် နေရခြင်းဖြင့် (အဘယ်အကျိုးရှိအံ့နည်း)၊ သင့်အား အသက်ရှင်နေရခြင်းထက် သေရခြင်းက မြတ်သေး၏။ (ဤသို့ချီးမွမ်းငြားအံ့)။

ဤသို့ (သေစေလိုသော) စိတ်နှလုံး ရှိသည်ဖြစ်၍ဟူသည် စိတ်သည် နှလုံး မည်၏၊ နှလုံး သည် စိတ်မည်၏။

ဤသို့ (သေစေလိုသော) စိတ်အကြံ ရှိသည်ဖြစ်၍ဟူသည် သေခြင်း၌ အမှတ်ရှိ၍ သေခြင်း၌စေတနာရှိ၍ သေခြင်း၌ အလိုရှိသည်ဖြစ်၍။

များစွာသောအကြောင်းဖြင့်ဟူသည် ယုတ် မြတ် ကြီး ငယ် အကြောင်းခြင်းရာ အသွယ်သွယ် တို့ဖြင့်။

သေခြင်း၏ ဂုဏ်ကျေးဇူးကိုသော်လည်း ချီးကျူးပြောဆိုငြားအံ့ဟူသည် "သင်သည် ဤဘဝမှကွယ်လွန်ပြီး ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ရပေလိမ့်မည်၊ ထိုနတ်ပြည်၌ နတ်တို့၏ ကာမဂုဏ်ငါးပါးတို့ဖြင့် ရောင့်ရဲပြည့်စုံသည်ဖြစ်၍ ခံစံပျော်ပါးရပေလိမ့်မည်"ဟု အသက်ရှင်ခြင်း၌ အပြစ်ကို ပြ၍ သေရခြင်း၌ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆို၏။

သေစိမ့်သောငှါသော်လည်း ဆောက်တည်စေငြားအံ့ဟူသည် လက်နက်ကိုသော်လည်း ဆောင်ယူပါ၊ အဆိပ်ကိုသော်လည်း စားပါ၊ ကြိုးဆွဲချ၍သော်လည်း သေပါ၊ ထုံးအိုင် (ကျင်း) ၌သော် လည်းကောင်း၊ ချောက်၌သော်လည်းကောင်း၊ ကမ်းပါးပြတ်၌သော်လည်းကောင်း ခုန်ချပါ (စသည်ဖြင့် ခိုင်းငြားအံ့)။

ဤရဟန်းသည် လည်းဟူသည် ရှေးရဟန်းတို့ကို ထောက်၍ ဆိုအပ်၏။

သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟူသည် ဥပမာအားဖြင့် နှစ်ခြမ်းကွဲပြီးသောကျောက်ဖျာကြီးသည် တစ်ဖန် ဆက်စပ်၍ မရနိုင်တော့သကဲ့သို့၊ ဤအတူပင် ရဟန်းသည် သတ်လိုသောစိတ်စေတနာဖြင့်စေ့ဆော်အားထုတ်၍ လူဇာတ်ဖြစ်သော သူ၏ ကိုယ်ကို အသက် 'ဇီဝိတိန္ဒြေ' မှ ချမိ၍ရဟန်း မဟုတ်တော့ပေ၊ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ထို့ကြောင့်"သာသနာ တော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏"ဟု ဆိုအပ်၏။