Page:ပါရာဇိကပါဠိတော်.pdf/67

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော ဥစ္စာကို ခိုးလော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ ထိုရဟန်းသည် စေခိုင်းပြီးနောက် နှလုံးမသာ 'စိတ်မကောင်း' သော်လည်း"မခိုးနှင့်တော့"ဟု မပြောမိ 'မကြားစေ'၊ ထိုရဟန်းသည် ထိုဥစ္စာကို ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော ဥစ္စာကို ခိုးလော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ ထိုရဟန်းသည် စေခိုင်းပြီးနောက် နှလုံးမသာ 'စိတ်မကောင်း' သဖြင့် "မခိုးနှင့်တော့"ဟု ပြော၏'ကြားစေ၏'၊ ထိုရဟန်းသည် "သင်သည် ငါ့ကိုစေခိုင်းပြီးဖြစ်သည်"ဟု (ဆို၍) ထိုဥစ္စာကို ခိုးအံ့၊ မူလစေခိုင်းရင်း ရဟန်းအား အာပတ် မသင့်၊ ခိုးသော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော ဥစ္စာကို ခိုးလော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ ထိုရဟန်းသည် စေခိုင်းပြီးနောက် နှလုံးမသာ 'စိတ်မကောင်း' သဖြင့် "မခိုးနှင့်တော့"ဟု ပြော၏'ကြားစေ၏'၊ ထိုရဟန်းသည် "ကောင်းပါပြီ"ဟု ရှောင်ကြဉ်အံ့၊ နှစ်ဦးလုံး အာပတ်မသင့်။

၁၂၂။ ငါးပါးသော အကြောင်းအင်္ဂါတို့ဖြင့်၆ မပေးသော ဥစ္စာကို ခိုးယူသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏၊ သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာဖြစ်ခြင်း၊ သူတစ်ပါးသိမ်းဆည်းထားသည်ဟုအမှတ်ရှိခြင်း၊ ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော လေးသော အသုံးအဆောင်ဖြစ်ခြင်း၊ ခိုးလိုသောစိတ်ဖြစ်ပေါ်ခြင်းတို့တည်း၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၂၃။ ငါးပါးသော အကြောင်းအင်္ဂါတို့ဖြင့် မပေးသော ဥစ္စာကို ခိုးယူသော ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာဖြစ်ခြင်း၊ သူတစ်ပါး သိမ်းဆည်းထားသည်ဟုအမှတ်ရှိခြင်း၊ တစ်ပဲထက်အလွန် ငါးပဲအောက် နည်းသော ပေါ့သော အသုံးအဆောင်ဖြစ်ခြင်း၊ ခိုးလိုသော စိတ် ဖြစ်ပေါ်ခြင်းတို့တည်း၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ဒုက္ကဋ် အာပတ်သင့်၏။ နေရာမှ ရွေ့စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

၁၂၄။ ငါးပါးသော အကြောင်းအင်္ဂါတို့ဖြင့် မပေးသော ဥစ္စာကို ခိုးယူသော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏၊ သူတစ်ပါးသိမ်းဆည်းထားသော ဥစ္စာဖြစ်ခြင်း၊ သူတစ်ပါးသိမ်းဆည်း ထားသည်ဟုအမှတ်ရှိခြင်း၊ တစ်ပဲ-တစ်ပဲအောက် နည်းသော ပေါ့သော အသုံးအဆောင်ဖြစ်ခြင်း၊ ခိုးလိုသောစိတ့်ဖြစ်ပေါ်ခြင်းတို့တည်း၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ နေရာမှရွေ့စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၁၂၅။ ခြောက်ပါးသော အကြောင်းအင်္ဂါတို့ဖြင့် မပေးသော ဥစ္စာကို ခိုးယူသော ရဟန်းအားပါရာဇိကအာပတ် သင့်၏၊ မိမိဥစ္စာဟု အမှတ်မရှိခြင်း၊ အကျွမ်းဝင်၍ ယူသည် မဟုတ်ခြင်း၊ အခိုက်အတန့် မဟုတ်ခြင်း၊