Page:ပါရာဇိကပါဠိတော်.pdf/63

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၁၀၈။ ရေ မည်သည် အိုးခွက် လေးထောင့်ကန် တစ်ဖက်ဆည်ကန်တို့၌ ရှိသော ရေတည်း။ ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

မိမိ၏ အိုးခွက်ကို သွင်း၍ ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော ရေကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ မိမိ၏ အိုးခွက်သို့ရောက်အောင် ပြုအံ့၊ ပါရာဇိကအာပတ် သင့်၏။

ကန်ပေါင်ရိုးကို ဖျက်ချိုးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကန်ပေါင်ရိုးကို ဖျက်ချိုး၍ ငါးပဲ-ငါးပဲထက် အလွန်ထိုက်တန်သော ရေကို ထွက်စေအံ့ 'လွှတ်အံ့'၊ ပါရာဇိကအာပတ် သင့်၏။

တစ်ပဲအထက်သော်လည်းကောင်း၊ ငါးပဲအောက်သော်လည်းကောင်း ထိုက်တန်သော ရေကို ထွက်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ တစ်ပဲသော်လည်းကောင်း၊ တစ်ပဲအောက်သော်လည်းကောင်း ထိုက်တန် သောရေကို ထွက်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၁၀၉။ ဒန်ပူ မည်သည် ဖြတ်ပြီးသော ဒန်ပူ မဖြတ်ရသေးသော ဒန်ပူတည်း။ ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော ဒန်ပူကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၁၀။ တောစိုးသစ်ပင် မည်သည် လူအများ သိမ်းပိုက် သုံးဆောင်အပ်သော သစ်ပင်တည်း။ ခိုးလိုသောစိတ်ရှိသည် ဖြစ်၍ ဖြတ်အံ့၊ ဖြတ်တိုင်းဖြတ်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ (အဆုံးသတ်) ဖြတ်ချက်'ခုတ်ချက်' တစ်ခုမရောက်လာမီ 'မပြီးဆုံးမီ' ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ထိုဖြတ်ချက် 'ခုတ်ချက်'ရောက်လာသော် 'ပြီးဆုံးသော်' ပါရာဇိကအာပတ် သင့်၏။

၁၁၁။ ဆောင်ယူအပ်သောဥစ္စာ မည်သည် သူတစ်ပါး ဆောင်ယူသွားသော ဥစ္စာတည်း။ ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

"ဥစ္စာနှင့်တကွ ဆောင်ယူသူကို ခေါ်ဆောင်အံ့"ဟု ခြေတစ်လှမ်းကို ရွေ့စေအံ့ 'လှမ်းအံ့'၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နှစ်ခုမြောက် ခြေလှမ်းကို ရွေ့စေအံ့ 'လှမ်းအံ့'၊ ပါရာဇိကအာပတ် သင့်၏။

"ကျသော ဥစ္စာကို ယူအံ့"ဟု ကျစေအံ့ 'ကျအောင် လုပ်အံ့ ချအံ့'၊ ဒုက္ကဋ်အာပတ် သင့်၏၊ ငါးပဲ-ငါးပဲထက် အလွန် ထိုက်တန်သော ကျသောဥစ္စာကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၁၂။ အပ်နှံသောဥစ္စာ မည်သည် အနီး၌ ထားအပ်သော 'အပ်နှံ၍ ထားအပ်သော' ဥစ္စာတည်း။ "ငါ၏ဥစ္စာကို ပေးပါ"ဟု ဆိုလာသော် ငါ မယူဟု ငြင်းဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ဥစ္စာရှင်အား