Page:ပါရာဇိကပါဠိတော်.pdf/61

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ ထိုအရံ၌ ပေါက်ရောက်ဖြစ်ပေါ်သော ငါးပဲ-ငါးပဲထက်အလွန်ထိုက်တန်သော အမြစ်ကိုသော်လည်းကောင်း၊ အခေါက်အခွံကိုသော်လည်းကောင်း၊ အရွက်ကိုသော်လည်းကောင်း၊ အပွင့်ကိုသော်လည်းကောင်း၊ အသီးကိုသော်လည်းကောင်း ခိုးလိုသော စိတ်ရှိသည်ဖြစ်၍့သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိက အာပတ် သင့်၏။

အရံကို (ရလိုမှုဖြင့်) တရားစွဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ဥစ္စာရှင်အား ယုံမှားစေအံ့၊ ထုလ္လစ္စဉ်း အာပတ်သင့်၏၊ ဥစ္စာရှင်သည် "ငါမရတော့ပြီ"ဟု ဝန်ချအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ ဥစ္စာရှင်ကိုရှုံးစေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ မိမိ ရှုံးအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

၁၀၃။ ကျောင်း၌တည်သောဥစ္စာမည်သည် ကျောင်း၌ လေးဌာနတို့ဖြင့် ထားအပ်သော ဥစ္စာတည်း။ (၎င်းတို့သည်) မြေ၊ ကြည်း'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်၌ တည်သော ဥစ္စာတို့တည်း။ "ကျောင်း ၌ တည်သော ဥစ္စာကို ခိုးအံ့"ဟု ခိုး လိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူ လည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်း အာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ကျောင်းကို (ရလိုမှုဖြင့်) တရားစွဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ဥစ္စာရှင်အား ယုံမှားစေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ဥစ္စာရှင်သည် "ငါမရတော့ပြီ"ဟု ဝန်ချအံ့၊ ပါရာဇိကအာပတ် သင့်၏။ တရားဖြစ်၍ဥစ္စာရှင်ကို ရှုံးစေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ မိမိ ရှုံးအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

၁၀၄။ ကောက်ပဲသီးနှံ ပေါက်ရောက်ဖြစ်ပေါ်ရာ အရပ်သည် လယ် မည်၏။

လယ်၌တည်သောဥစ္စာ မည်သည် လယ်၌ လေးဌာနတို့ဖြင့် ထားအပ်သော ဥစ္စာတည်း။ (၎င်းတို့သည်) မြေ၊ ကြည်း'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်၌ တည်သော ဥစ္စာတို့တည်း။ "လယ်၌ တည်သောဥစ္စာကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူ လည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်း အာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ထိုလယ်၌ ပေါက်ရောက်ဖြစ်ပေါ်သော ငါးပဲ-ငါးပဲထက် အလွန်ထိုက်တန်သော ကောက်ပဲသီးနှံကိုခိုးလိုသော စိတ်ရှိသည် ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

လယ်ကို (ရလိုမှုဖြင့်) တရားစွဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ဥစ္စာရှင်အား ယုံမှားစေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ဥစ္စာရှင်သည် "ငါမရတော့ပြီ"ဟု ဝန်ချအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ဥစ္စာရှင်ကို ရှုံးစေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ မိမိ ရှုံးအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ငုတ်တိုင်