Page:ပါရာဇိကပါဠိတော်.pdf/32

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၅၁။ ရဟန်းတို့ အဘယ်သို့လျှင် အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍ သိက္ခာလည်းကျသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက်မပျော်ပိုက်သည် ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော်မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက် "မြတ်စွာဘုရားကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ဤသို့ ပြောဆို သိစေလျှင်ကား အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍ သိက္ခာလည်း ကျ၏။

တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည် ဖြစ်၍ ရှက်နိုးသည် ဖြစ်၍ စက်ဆုပ်သည် ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် "တရားတော်ကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "သံဃာတော်ကို စွန့်ပါ၏"ဟုပြော၏၊ သိစေ၏။ "သိက္ခာကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ဝိနည်းကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ပါတိမောက်ကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ပါတိမောက်ရွတ်ခြင်းကို စွန့်ပါ၏"ဟုပြော၏၊ သိစေ၏။ "ဥပဇ္ဈာယ်ဆရာကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ဆရာငါးပါးကို စွန့်ပါ၏"ဟုပြော၏၊ သိစေ၏။ "အတူနေတပည့်ကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "အနီးနေတပည့်ကိုစွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ဥပဇ္ဈာယ်ဆရာတူ ဖြစ်သူကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "နိဿရည်းဆရာတူ ဖြစ်သူကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "သီတင်းသုံးဖော်ကို စွန့်ပါ၏"ဟုပြော၏၊ သိစေ၏။ "ငါ့ကို လူဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို ဥပါသကာဟူ၍ မှတ်ပါ"ဟုပြော၏၊ သိစေ၏။ "ငါ့ကို အရံစောင့်ဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို သာမဏေဟူ၍မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို တိတ္ထိဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို တိတ္ထိ၏တပည့်ဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို ရဟန်း မဟုတ်သူဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေလျှင်ကား အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍သိက္ခာလည်း ကျ၏။

၅၂။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် "ငါ့အား မြတ်စွာဘုရားဖြင့် အကျိုးမရှိ"ဟု ပြော၏၊ သိစေ၏။ပ။ "ငါ့အား သီတင်းသုံးဖော်တို့ဖြင့် အကျိုးမရှိ"ဟု ပြော၏၊ သိစေ၏။ပ။ ဤသို့ ပြောဆိုသိစေလျှင် ။ပ။ တစ်နည်းသော်ကား။ပ။ "ငါ့အား မြတ်စွာဘုရားဖြင့် အဘယ်အကျိုးရှိအံ့နည်း"ဟု ပြော၏၊ သိစေ၏။ပ။ "ငါ့အား သီတင်းသုံးဖော် တို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း"ဟု ပြော၏၊ သိစေ၏။ပ။ "ငါ့အားမြတ်စွာဘုရားဖြင့် အကျိုးမဖြစ်"ဟု ပြော၏၊ သိစေ၏။ပ။ "ငါ့အား သီတင်းသုံးဖော်တို့ဖြင့်အကျိုးမဖြစ်"ဟု ပြော၏၊ သိစေ၏။ပ။