Page:ပါရာဇိကပါဠိတော်.pdf/198

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အဘယ်သူ၏ သားသမီးများဟုလည်းကောင်း' မသိပါ၊ ဤ မိန်းကလေးသည် ငါ၏ တစ်ယောက်ထည်းသော သမီးဖြစ်သည့်ပြင် တစ်ရွာသို့လည်းသွားရမည်ဖြစ်၍ ငါသည် မပေးနိုင်ပါ"ဟု ပြော၏၊ လူတို့သည် ထိုအာဇီဝက 'တက္ကတွန်း'၏ တပည့်တို့အား "အမောင်တို့ သင်တို့သည် အဘယ်အတွက်ကြောင့် လာကြကုန်သနည်း"ဟု မေးကြကုန်၏။

အမောင်တို့ ဤသာဝတ္ထိမြို့၌ ငါတို့သည် ဤမည်သောဟူးရားကတော်၏ သမီးကို ငါတို့၏သတို့သားအတွက် တောင်းကြပါသည်၊ ထို (ဟူးရားကတော်) သည် "အမောင်တို့ ငါသည်ကား သင်တို့ကို 'ဤသူတို့ကား အဘယ်သူများဟုလည်းကောင်း၊ အဘယ်သူ၏သားသမီးများဟုလည်းကောင်း' မသိပါ၊ ဤမိန်းကလေး သည် ငါ၏ တစ်ယောက်ထည်းသောသမီးဖြစ်သည့်ပြင် တစ်ရွာသို့လည်း သွားရမည်ဖြစ်၍ ငါသည် မပေးနိုင်ပါဟု (ပြောပါသည်ဟု ဆိုကြကုန်၏)။

အမောင်တို့ သင်တို့သည် အဘယ်ကြောင့် ထိုဟူးရားကတော်ကို သမီးတောင်းကြကုန်သနည်း၊ အသျှင်ဥဒါယီကို ပြောသင့်သည် မဟုတ်ပါလော၊ အသျှင်ဥဒါယီသည် အပေးခိုင်းပါလိမ့်မည်ဟု (ပြောကြကုန်၏)။

ထိုအခါ ထိုအာဇီဝက တပည့်တို့သည် အသျှင်ဥဒါယီအထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် အသျှင်ဥဒါယီကို "အသျှင်ဘုရား ဤသာဝတ္ထိမြို့၌ တပည့်တော်တို့သည် ဤမည်သောဟူးရားကတော်ကိုအကျွန်ုပ် တို့ သတို့သားအတွက် သမီးတောင်းကြပါသည်၊ ထိုဟူးရားကတော်သည် "အမောင်တို့ငါသည်ကား သင်တို့ကို 'ဤသူတို့ကား အဘယ်သူများဟုလည်းကောင်း၊ အဘယ်သူ၏သားသမီးများဟုလည်းကောင်း' မသိပါ၊ ဤမိန်းကလေးသည် ငါ၏ တစ်ယောက်တည်းသော သမီးဖြစ်သည့်ပြင် တစ်ရွာသို့ လည်း သွားရမည် ဖြစ်၍ မပေးနိုင်ပါ"ဟု ပြောပါသည်၊ အသျှင်ဘုရား တောင်းပန်ပါသည်၊ အသျှင်ဘုရားသည် ထိုဟူးရားကတော်ကို အကျွန်ုပ်တို့ သတို့သားအတွက် သမီးကိုအပေးခိုင်းတော်မူပါ"ဟု (ပြောဆိုကြကုန်၏)။

ထိုအခါ အသျှင် ဥဒါယီသည် ထိုဟူးရားကတော်ထံသို့ ချဉ်းကပ်၍ ထိုဟူးရားကတော်အား "အဘယ့်ကြောင့် ဤသူတို့အား သမီးကို မပေးသနည်း"ဟု မေး၏။

အသျှင်ဘုရား ဤသူတို့ကို 'ဤသူတို့ကား အဘယ်သူများဟုလည်းကောင်း၊ အဘယ်သူ၏ သား သမီးများဟုလည်းကောင်း' မသိပါ၊ ဤမိန်းကလေးသည် အကျွန်ုပ်၏ တစ်ယောက်ထည်းသော သမီးဖြစ်သည့်ပြင် တစ်ရွာသို့လည်း လိုက်သွားရမည် ဖြစ်၍ အကျွန်ုပ်သည် မပေးနိုင်ပါဟု (လျှောက်၏)။

ဤသူတို့အား ပေးလိုက်ပါ၊ ဤသူတို့ကို ငါသိပါသည်ဟု (ပြော၏)။

အသျှင်ဘုရား အကယ်၍ အသျှင်ဘုရား သိလျှင် ပေးလိုက်ပါမည်ဟု (လျှောက်၏)။

ထို့နောက် ထိုဟူးရားကတော်သည် ထိုအာဇီဝက၏ တပည့်တို့အား သမီးကို ပေးလိုက်၏၊ ထိုအခါထိုအာဇီဝက တပည့်တို့သည် ထိုသတို့သမီးကို ယူဆောင်၍ တစ်လမျှသာလျှင် ချွေးမအဖြစ်ဖြင့်အသုံးပြုကုန်၏၊ ထိုတစ်လမှ လွန်သော အခါ၌ ကျွန်မအဖြစ်ဖြင့် အသုံးပြုကုန်၏၊ ထိုအခါ ထိုသတို့သမီးသည် မိခင်ထံသို့-

"အကျွန်ုပ်သည် မကောင်းသော အမျိုးသို့ ရောက်နေရပါသည်၊ ဆင်းရဲနေရပါသည်၊ ကိုယ်စိတ်ချမ်းသာမှုကို မရပါ၊ တစ်လမျှသာလျှင် အကျွန်ုပ်ကို ချွေးမအဖြစ်ဖြင့် အသုံးပြုကြပါသည်၊ ထိုတစ်လမှ လွန်သော အခါ၌ ကျွန်မအဖြစ်ဖြင့် အသုံးပြုကြပါသည်၊ အို အကျွန်ုပ်၏ မိခင် လာပါလော့၊ အကျွန်ုပ်ကို ခေါ်ဆောင်ပါလော့"ဟု တမန်စေလွှတ်၏။

ထိုအခါ ထိုဟူးရားကတော်သည် အာဇီဝက၏တပည့်များထံသို့ ချဉ်းကပ်၍ ထိုအာဇီဝက၏ တပည့်များကို "အမောင်တို့ ဤသတို့သမီးကို ကျွန်မအဖြစ်ဖြင့် အသုံးမပြုကြပါလင့်၊ ဤသတို့သမီးကို ချွေးမအဖြစ်ဖြင့် အသုံးပြု ကြပါလော့"ဟု ပြောဆို၏။

ထိုအာဇီဝက၏ တပည့်တို့သည် "ငါတို့အား သင်နှင့် အတူ အပေးအယူမရှိ၊ ငါတို့အား ရဟန်းနှင့်အတူသာ အပေးအယူရှိ၏၊ သင် သွားလော့၊ ငါတို့သည် သင်ကို မသိကုန်"ဟု ပြောဆိုကြကုန်၏၊ ထိုအခါ ထိုဟူးရားကတော်သည် ထိုအာဇီဝက၏ တပည့်တို့က မောင်းမဲ နှင်ထုတ်အပ်ရကား တစ်ဖန်သာဝတ္ထိမြို့သို့သာလျှင် ပြန်လာ၏။

နှစ်ကြိမ်မြောက်လည်း ထိုသတို့သမီးသည် မိခင်ထံသို့-

"အကျွန်ုပ်သည် မကောင်းသော အမျိုးသို့ ရောက်နေရပါသည်၊ ဆင်းရဲနေရပါသည်၊ ကိုယ်စိတ်ချမ်းသာမှုကို မရပါ၊ တစ်လမျှသာလျှင် အကျွန်ုပ်ကို ချွေးမအဖြစ်ဖြင့် အသုံးပြုကြပါသည်၊ ထိုတစ်လမှ လွန်သော အခါ၌ ကျွန်မအဖြစ်ဖြင့် အသုံးပြု ကြပါသည်၊ အို အကျွန်ုပ်၏ မိခင် လာပါလော့၊ အကျွန်ုပ်ကို ခေါ်ဆောင်ပါလော့"ဟု တမန်စေလွှတ်၏။

ထိုအခါဟူးရားကတော်သည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီအား-

"အသျှင်ဘုရား ထိုသတို့သမီးသည် မကောင်းသော အမျိုးသို့ ရောက်နေရသတတ်၊ ဆင်းရဲနေရသတတ်၊ ကိုယ်စိတ်ချမ်းသာမှုကို မရသတတ်၊ တစ်လမျှသာလျှင် ထိုသတို့သမီးကို ချွေးမ အဖြစ်ဖြင့်အသုံးပြု ကြသတတ်၊ ထိုတစ်လမှ လွန်သော အခါ၌ ကျွန်မအဖြစ်ဖြင့် အသုံးပြုကြ သတတ်၊ အမောင်တို့ ဤသတို့သမီးကို ကျွန်မအဖြစ်ဖြင့် အသုံးမပြု ကြပါလင့်၊ ချွေးမအဖြစ်ဖြင့်အသုံးပြုကြပါလော့"ဟု ပြောတော်မူပါ အသျှင်ဘုရားဟု လျှောက်၏။

ထိုအခါ အသျှင်ဥဒါယီသည် ထိုအာဇီဝက၏ တပည့်များထံသို့ ချဉ်းကပ်၍ ထိုအာဇီဝက၏ တပည့်တို့ကို-

"အမောင်တို့ ဤသတို့သမီးကို ကျွန်မအဖြစ်ဖြင့် အသုံးမပြုကြပါလင့်၊ ချွေးမအဖြစ်ဖြင့်အသုံးပြ ကြပါလော့"ဟု ပြောဆို၏၊ ထိုအာဇီဝက၏ တပည့်တို့သည် "ငါတို့အား သင်နှင့် အတူအပေးအယူ မရှိပါ၊ ငါတို့အားဟူးရားကတော်နှင့် အတူသာ အပေးအယူရှိ၏၊ ရဟန်းဟူသည်ကြောင့်ကြမစိုက်သင့်၊ ရဟန်းကောင်းသာ ဖြစ်သင့်၏၊