Page:ပါရာဇိကပါဠိတော်.pdf/192

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မပေးလှူ"ဟု ပြောဆို၏။

အဘယ် အရာဝတ္ထုပါနည်း အသျှင်ဘုရားဟု (လျှောက်၏)။

မေထုန်အကျင့်တည်းဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းသင်သည် သံဃာဒိသိသ်အာပတ် သင့်ပြီဟု (မိန့်တော်မူ၏)။ (၈)

တစ်ရံရောအခါ ရဟန်းတစ်ပါး သည် တပ်မက်သောစိတ်ရှိ၍ မိန်းမတစ်ယောက်ကို "နှမ သင်သည့်သဒ္ဓါတရား ရှိ၏၊ သို့ရာတွင် အမြတ်ဆုံး အလှူကို ငါ့တို့အား မပေးလှူ"ဟု ပြောဆို၏။

အသျှင်ဘုရား အမြတ်ဆုံး အလှူဟူသည် အဘယ်အရာပါနည်းဟု (လျှောက်၏)။

မေထုန်အကျင့်တည်းဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းသင်သည် သံဃာဒိသိသ်အာပတ် သင့်ပြီဟု (မိန့်တော်မူ၏)။ (၉)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် အလုပ်ကိစ္စကို လုပ်နေ၏၊ ရဟန်းတစ်ပါးသည် တပ်မက် သောစိတ်ရှိ၍ ထိုမိန်းမကို "နှမ ရပ်ဦး၊ ငါ လုပ်မည်။ပ။ နှမ ထိုင်ဦး၊ ငါ လုပ်မည်။ပ။ နှမ အိပ်ဦး၊ ငါ လုပ်မည်"ဟု ပြောဆို၏။

ထိုမိန်းမသည် (ဆိုလိုရင်းကို) မသိ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းသံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၀-၁၂)

တတိယ ဒုဋ္ဌုလ္လဝါစာ သိက္ခာပုဒ် ပြီး၏။

၄-အတ္တကာမပါရိစရိယသိက္ခာပုဒ်

၂၉၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်ဥဒါယီသည် သာဝတ္ထိမြို့၌ အိမ်သို့ ကပ်တတ်သော ရဟန်း ဖြစ်၏၊ များစွာသော အိမ်တို့သို့ ချဉ်းကပ်၏၊ ထိုစဉ်အခါ၌ လင်သေဆုံးပြီးသော မိန်းမတစ်ယောက်သည် အလွန်လှ၏၊ ရှုချင်ဖွယ်ကောင်း၏၊ စိတ်ကို ကြည်လင်စေတတ်၏၊ ထိုအခါ အသျှင်ဥဒါယီသည် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ ထိုမိန်းမအိမ်သို့ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ ထိုမိန်းမသည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍အသျှင်ဥဒါယီကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုမိန်းမကို အသျှင်ဥဒါယီက တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီး ဖြစ်ရကား ထိုမိန်းမသည် အသျှင်ဥဒါယီအား-

"အသျှင်ဘုရား အလိုရှိရာကို အမိန့်ရှိတော်မူပါ၊ တပည့်တော်တို့သည် အသျှင်မြတ်အား သင်္ကန်းဆွမ်း ကျောင်း သူနာအထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ပေးလှူနိုင်ပါကုန်၏"ဟု (လျှောက်၏)။