Page:ပါရာဇိကပါဠိတော်.pdf/190

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုညှပ်ရိုးနှစ်ဖက်အထက်ပုဆစ်ဒူးဝန်းအောက်ကို ရည်ရွယ်၍ ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်း ဆဲရေးအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းမိန်းမ၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို ရည်ရွယ်၍ ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်းပြောဆိုအံ့။ပ။ ဆဲရေးလည်း ဆဲရေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုကိုယ်နှင့်စပ်သော အရာတ္ထုကိုရည်ရွယ်၍ ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်း ဆဲရေးအံ့၊ ဒုက္ကဋ် အာပတ် နှစ်ချက်သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို ရည်ရွယ်၍ ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်းဆဲရေးအံ့၊ ဒုက္ကဋ် အာပတ် နှစ်ချက် သင့်၏။ပ။

၂၈၇။ အနက်ကို ရှေ့သွားပြုသော ရဟန်း၊ ပါဠိကို ရှေ့သွားပြုသော ရဟန်း၊ ဆုံးမမှုကို ရှေ့သွားပြုသော ရဟန်း၊ ရူးသော ရဟန်း၊ အစ လက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

၃-ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်အဖွင့် ပြီး၏။

ဝိနီတဝတ္ထု ခေါင်းစဉ်မာတိကာ

နီသည်၊ ထူထဲသည်၊ ရှုပ်ထွေးသည်၊ ကြမ်းတမ်းသည်၊ ရှည်သည်၊ စိုက်အပ်ပြီလော၊ ခရီးတို၏လော၊ သဒ္ဓါတရားရှိ၏၊ ပေးလှူခြင်း၊ အမှုကိစ္စ၊ ဤကား ခေါင်းစဉ် မာတိကာတည်း။

ဝိနီတဝတ္ထု ဖြတ်ထုံးများ

၂၈၈။ တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ဆိုးသစ်စ ကမ္ဗလာကို ခြုံနေ၏၊ ရဟန်းတစ်ပါးသည်တပ်မက်သော စိတ်ရှိ၍ ထိုမိန်းမကို "နှမ သင့် ဥစ္စာသည် နီ၏"ဟု ပြောဆို၏၊ ထိုမိန်းမသည် (ဆိုလိုရင်းကို) မသိ၍ မှန်ပါသည် အသျှင်ဘုရား၊ ကမ္ဗလာသည် ဆိုးပြီးစ ဖြစ်ပါသည်ဟု (လျှောက်၏)။

ထိုရဟန်းအား "ငါသည် သံဃာဒိသိသ်အာပတ် သင့်လေသလော"ဟု တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ကြမ်းတမ်းသော ကမ္ဗလာကို ခြုံနေ၏၊ ရဟန်းတစ်ပါးသည့်တပ်မက်သော စိတ်ရှိ၍ ထိုမိန်းမကို "နှမ သင့် ဥစ္စာသည် အမွေးထူ၏"ဟု ပြောဆို၏၊ ထိုမိန်းမသည် (ဆိုလိုရင်းကို) မသိ၍ မှန်ပါသည် အသျှင်ဘုရား၊ ကြမ်းတမ်းသော ကမ္ဗလာ ဖြစ်ပါသည်ဟု (လျှောက်၏)။

ထိုရဟန်းအား