Page:ပါရာဇိကပါဠိတော်.pdf/178

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ယောက်ျားဟု ထင်မှတ် ၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိ ကိုယ်ဖြင့်ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ်အာပတ် သင့်၏။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ တိရစ္ဆာန်ဟု ထင်မှတ်၍၊ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှုသုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ်အာပတ် သင့်၏။

မိန်းမလည်းကောင်း၊ ယောက်ျားလည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်းရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှုသုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်နှင့် ဒုက္ကဋ်အာပတ် သင့်၏။

မိန်းမလည်းကောင်း၊ ယောက်ျားလည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ယုံမှားရှိ၍။ပ။ ပဏ္ဍုက်ဟု ထင်မှတ်၍။ ယောက်ျားဟု ထင်မှတ်၍။ တိရစ္ဆာန်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ်အာပတ် သင့်၏။

မိန်းမလည်းကောင်း၊ တိရစ္ဆာန်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှုသုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်နှင့် ဒုက္ကဋ်အာပတ် သင့်၏။ (၁၃၅)

မိန်းမလည်းကောင်း၊ တိရစ္ဆာန်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ယုံမှားရှိ၍။ပ။ ပဏ္ဍုက်ဟုထင်မှတ်၍။ ယောက်ျားဟု ထင်မှတ်၍။ တိရစ္ဆာန်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ်အာပတ် သင့်၏။

ပဏ္ဍုက်လည်းကောင်း၊ ယောက်ျားလည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ပဏ္ဍုက်ဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိ ကိုယ်ဖြင့်ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ်အာပတ် သင့်၏။

ပဏ္ဍုက်လည်းကောင်း၊ ယောက်ျားလည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ယုံမှားရှိ၍။ပ။ ယောက်ျားဟု ထင်မှတ်၍။ တိရစ္ဆာန် ထင်မှတ်၍။ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်းရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။