Page:ပါရာဇိကပါဠိတော်.pdf/175

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၂-ကာယသံသဂ္ဂသိက္ခာပုဒ်စက်လှည့်ပုံ

၂၇၃။ မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမ၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့၊ အောက်သို့သက်၍ သုံးသပ်အံ့၊ အထက်သို့ တက်၍ သုံးသပ်အံ့၊ အောက်သို့ ခုန်ကျော်၍ သုံးသပ်အံ့၊ အထက်သို့ခုန်ကျော်၍ သုံးသပ်အံ့၊ ရှေ့မှ ဆွဲအံ့၊ တွန်း၍ ဆွဲအံ့၊ နှိပ်အံ့၊ ညှပ်အံ့၊ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

မိန်းမလည်း ဟုတ်၏၊ ယုံမှား၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမ၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

မိန်းမလည်းဟုတ်၏၊ ပဏ္ဍုက်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းမိန်းမ၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

မိန်းမလည်းဟုတ်၏၊ ယောက်ျားဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်း သည်လည်း မိန်းမ၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

မိန်းမလည်းဟုတ်၏၊ တိရစ္ဆာန်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းမိန်းမ၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

ပဏ္ဍုက်လည်းဟုတ်၏၊ ပဏ္ဍုက်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းပဏ္ဍုက်၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

ပဏ္ဍုက်လည်းဟုတ်၏၊ ယုံမှား၍် တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ပဏ္ဍုက်၏ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ပဏ္ဍုက်လည်းဟုတ်၏၊ ယောက်ျားဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ပဏ္ဍုက်၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ပဏ္ဍုက်လည်းဟုတ်၏၊ တိရစ္ဆာန်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းပဏ္ဍုက်၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။