Page:ပါရာဇိကပါဠိတော်.pdf/162

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အနာရောဂါကင်းခြင်းငှါလည်းကောင်း၊ ချမ်းသာခြင်းငှါလည်းကောင်း၊ ဆေးအလို့ငှါလည်းကောင်း၊ အလှူအလို့ငှါလည်းကောင်း၊ ကောင်းမှုအလို့ငှါလည်းကောင်း၊ ယဇ်ပူဇော်ရန် အလို့ငှါလည်းကောင်း၊ နတ်ပြည်အလို့ငှါလည်းကောင်း၊ မျိုးစေ့အလို့ငှါလည်းကောင်း၊ စုံစမ်းရန်အလို့ငှါလည်းကောင်း၊ ပျော်ပါးရန်အလို့ငှါလည်းကောင်း၊ အညိုအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အဝါအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အနီအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အဖြူအဆင်းရှိသော သုက်ကိုလည်းကောင်း၊ ရက်တက်ရည်အဆင်းရှိသော သုက်ကိုလည်းကောင်း၊ ရေအဆင်းရှိသော သုက်ကိုလည်းကောင်း၊ ဆီအဆင်းရှိသော သုက်ကိုလည်းကောင်း၊ နို့ရည်အဆင်းရှိသော သုက်ကိုလည်းကောင်း၊ နို့ဓမ်းအဆင်းရှိသော သုက်ကိုလည်းကောင်း၊ ထောပတ်အဆင်းရှိသော သုက်ကိုလည်းကောင်းစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

စက်ပေါင်း 'မိဿကစက်' ပြီး၏။

၂၄၉။ အညိုအဆင်းရှိသော သုက်ကို လွတ်စေအံ့ဟုစေ့ဆော်၏၊ လုံ့လပြု၏၊ အဝါအဆင်းရှိသောသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အညိုအဆင်းရှိသော သုက်ကို လွတ်စေအံ့ဟုစေ့ဆော်၏၊ လုံ့လပြု၏၊ အနီ။ပ။ အဖြူ။ ရက်တက်ရည်အဆင်း။ ရေအဆင်း။ ဆီအဆင်း။ နို့ရည်အဆင်း။ နို့ဓမ်းအဆင်း။ ထောပတ်အဆင်းရှိသောသုက် လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

စက်ပြတ် 'ခဏ္ဍစက်' ပြီး၏။

၂၅၀။ အဝါအဆင်းရှိသော သုက်ကို လွတ်စေအံ့ဟုစေ့ဆော်၏၊ လုံ့လပြု၏၊ အနီအဆင်းရှိသောသုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အဝါအဆင်းရှိသော သုက်ကို လွတ်စေအံ့ဟုစေ့ဆော်၏၊ လုံ့လပြု၏၊ အဖြူ။ပ။ ရက်တက်ရည့်အဆင်း။ ရေအဆင်း။ ဆီအဆင်း။ နို့ရည်အဆင်း။ နို့ဓမ်းအဆင်း။ ထောပတ်အဆင်း။ အညိုအဆင်းရှိသော သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ စက်ဝိုင်း 'ဗဒ္ဓစက်' မူကို အကျဉ်းချုပ်အပ်ပြီ။

၂၅၁။ ထောပတ်အဆင်းရှိသော သုက်ကို လွတ်စေအံ့ဟုစေ့ဆော်၏၊ လုံ့လပြု၏၊ အညိုအဆင်းရှိသော သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ထောပတ်အဆင်းရှိသော သုက်ကို လွတ်စေအံ့ဟုစေ့ဆော်၏၊ လုံ့လပြု၏၊ အဝါ။ပ။ အနီ။ အဖြူ။ ရက်တက်ရည်အဆင်း။ ဆီအဆင်း။ နို့ရည်အဆင်း။ နို့ဓမ်းအဆင်းရှိသော သုက်လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ဝမ်းစက် 'ကုစ္ဆိစက်' ပြီး၏။