Page:ပါရာဇိကပါဠိတော်.pdf/154

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဥစ္စာလိင်္ဂပိုးထိုးခြင်းကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌ လွတ်စေ၏။

အနာရောဂါကင်းခြင်းငှါ လွတ်စေ၏။ ချမ်းသာခြင်းအလို့ငှါ လွတ်စေ၏။ ဆေးအလို့ငှါ လွတ်စေ၏။ အလှူအလို့ငှါ လွတ်စေ၏။ ကောင်းမူ့အလို့ငှါ လွတ်စေ၏။ ယဇ်ပူဇော်ရန်အလို့ငှါ လွတ်စေ၏။ နတ်ပြည် အလို့ငှါ လွတ်စေ၏။ မျိုးစေ့အလို့ငှါ လွတ်စေ၏။ စုံစမ်းရန်အလို့ငှါ လွတ်စေ၏။ ပျော်ပါးရန်အလို့ငှါ လွတ်စေ၏။

အညိုအဆင်းရှိသော သုက်ကို လွတ်စေ၏၊ အဝါအဆင်းရှိသော သုက်ကို လွတ်စေ၏၊ အနီအဆင်းရှိသော သုက်ကို လွတ်စေ၏၊ အဖြူအဆင်းရှိသော သုက်ကို လွတ်စေ၏၊ ရက်တက်ရည်အဆင်းရှိသောသုက်ကို လွတ်စေ၏၊ ရေအဆင်းရှိသော သုက်ကို လွတ်စေ၏၊ ဆီအဆင်းရှိသော သုက်ကို လွတ်စေ၏၊ နွားနို့ အဆင်းရှိသော သုက်ကို လွတ်စေ၏၊ နို့ဓမ်းအဆင်းရှိသော သုက်ကို လွတ်စေ၏၊ ထောပတ်အဆင်းရှိသော သုက်ကို လွတ်စေ၏၊ ဤကား ခေါင်းစဉ် မာတိကာတည်း။

မာတိကာ အဖွင့်

၂၃၈။ အတွင်းရုပ်၌ဟူသည် စွဲလမ်းအပ်သော အတွင်းရုပ်၌။

အပြင်ရုပ်၌ဟူသည် စွဲလမ်းအပ်သော အပြင်ရုပ်၌ဖြစ်စေ မစွဲလမ်းအပ်သော အပြင်ရုပ်၌ဖြစ်စေ။

အတွင်းအပြင်ရုပ်၌ဟူသည် ထိုနှစ်ပါးအပေါင်း၌။

ကောင်းကင်၌ ခါးကို လှုပ်စေ၍ဟူသည် ကောင်းကင်၌ လုံ့လပြုသူအား အင်္ဂါဇာတ်သည် ပြုခြင်းငှါအသင့်ဖြစ်၏။

ရာဂကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌ဟူသည် ရာဂနှိပ်စက်သူအား အင်္ဂါဇာတ်သည်ပြုခြင်းငှါ အသင့်ဖြစ်၏။

ကျင်ကြီးကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌ဟူသည် ကျင်ကြီးနှိပ်စက်သူအားအင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်၏။

ကျင်ငယ်ကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌ဟူသည် ကျင်ငယ်နှိပ်စက်သူအားအင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်၏။

လေကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌ဟူသည် လေနှိပ်စက်သူအား အင်္ဂါဇာတ်သည်ပြုခြင်းငှါ အသင့်ဖြစ်၏။

ဥစ္စာလိင်္ဂပိုးထိုးခြင်းကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌ဟူသည် ဥစ္စာလိင်္ဂပိုးထိုးခြင်းကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်၏။

၂၃၉။ အနာရောဂါ ကင်းခြင်းငှါဟူသည် အနာရောဂါမရှိသည် ဖြစ်ရအံ့။

ချမ်းသာခြင်းအလို့ငှါဟူသည် ချမ်းသာခြင်းသုခဝေဒနာကို ဖြစ်စေအံ့။

ဆေးအလို့ငှါဟူသည် ဆေးဖြစ်လတ္တံ့။

အလှူအလို့ငှါဟူသည် အလှူကို ပေးလှူအံ့။

ကောင်းမှုအလို့ငှါဟူသည် ကောင်းမှုဖြစ်လတ္တံ့။

ယဇ်ပူဇော်ရန်အလို့ငှါဟူသည် ယဇ်ကို ပူဇော်အံ့။

နတ်ပြည်အလို့ငှါဟူသည် နတ်ပြည်သို့ ရောက်အံ့။

မျိုးစေ့အလို့ငှါဟူသည် မျိုးစေ့ဖြစ်လတ္တံ့။