Page:ပါရာဇိကပါဠိတော်.pdf/126

From Wikisource
Jump to navigation Jump to search
This page has not been proofread.

စက်ပြတ် 'ခဏ္ဍစက်'

၂၀၈။ အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း ဝင်စား ခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း ရ၏၊ လေ့လာခြင်းရှိ၏၊ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း ရ၏။ လေ့လာခြင်း ရှိ၏။ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း မျက်မှောက် ပြုအပ်ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ရ၏။ လေ့လာခြင်း ရှိ၏၊ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း'သုညတဝိမောက္ခ' ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာအကြောင်းနိမိတ်မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ' ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာ တောင့်တမှုမရှိ၍လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ' ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာတောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ' ကိုလည်းကောင်း ရ၏။ လေ့လာခြင်း ရှိ၏။ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာတောင့်တမှုမရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ' ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟု သိလျက်မဟုတ် မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာ ဆိတ်သုဉ်း၍ တည်ကြည်ခြင်း'သုညတသမာဓိ' ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာ အကြောင်းနိမိတ်မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ'ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာတောင့်တမှု မရှိ၍တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာတောင့်တမှုမရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ'ကိုလည်းကောင်းရ၏။ လေ့လာခြင်း ရှိ၏။ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာတောင့်တမှုမရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတ သမာပတ်' ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာ အကြောင်းနိမိတ်မရှိ၍ ဝင်စားခြင်း'အနိမိတ္တသမာပတ်' ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာတောင့်တမှုမရှိ၍ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာတောင့်တမှု မရှိ၍ ဝင်စားခြင်း'အပ္ပဏိဟိတသမာပတ်' ကိုလည်းကောင်း ရ၏။ လေ့လာခြင်း ရှိ၏။ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ ကိလေသာ တောင့်တမှုမရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်'ကိုလည်းကောင်းမျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း ရ၏။ လေ့လာခြင်းရှိ၏။ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။