Page:ပါရာဇိကပါဠိတော်.pdf/11

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သံဃာသည် ညဉ့်အများကို သိသော (ဝါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့မရောက်သေးသမျှ ကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သောအချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည်ညဉ့်အများကို သိသော (ဝါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သောထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အားသိက္ခာပုဒ်ကို ပညတ် တော်မူ၏။ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ သံဃာသည် ပြန့်ပြောများပြားသည်၏ အဖြစ်သို့ မရောက်သေးသမျှ ကာလပတ်လုံးဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် ပြန့်ပြောများပြားသည်၏ အဖြစ်သို့ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာ ရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည်တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ သံဃာသည် လာဘ်များသည်၏ အဖြစ်သို့ မရောက်သေးသမျှ ကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် လာဘ်များသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားသည်၏ အဖြစ်သို့ မရောက်သေးသမျှကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား၊ ဤ (သာသနာတော်) ၌အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကိုပယ်ဖျောက်ခြင်း အကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ (ယခုအခါ) ရဟန်းသံဃာသည် (ဒုဿီလဟူသော) အမြှုပ်မှကင်း၏၊ အပြစ်မှကင်း၏၊ အမည်းအညစ်မှ ကင်း၏၊ စင်ကြယ်၏၊ (သီလစသော) အနှစ်၌ တည်၏၊ သာရိပုတြာ ဤရဟန်း ငါးရာတို့တွင် အညံ့ဆုံးရဟန်းသည် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ် သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု (မိန့်တော်မူ၏)။

၂၂။ ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ခေါ်၍-

"အာနန္ဒာ (ဘုရားသျှင်တို့သည်) ပင့်ဖိတ်သူများရှိ၍ ဝါကပ်တော်မူရာဝယ် ထိုပင့်ဖိတ် သူတို့ကိုမပန်ကြားဘဲ ဇနပုဒ် (တိုင်းနိုင်ငံ) ၌ လှည့်လည်၍ ဒေသစာရီ မကြွချီခြင်းသည် ဘုရားသျှင်တို့၏အလေ့အကျက်ဖြစ်၏၊ အာနန္ဒာ လာ, သွားကြကုန်အံ့၊ ဝေရဉ္ဇပုဏ္ဏားကို ပန်ကြား ကုန်အံ့"ဟုမိန့်တော်မူ၏။

ကောင်းပါပြီအသျှင်ဘုရားဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ ထို့နောက် မြတ်စွာဘုရားသည် (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် နောက်ပါရဟန်းဖြစ်သော အသျှင်အာနန္ဒာနှင့် အတူ ဝေရဉ္ဇပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်ပြီးလျှင် ပြင်ထားသော နေရာ၌ ထိုင်တော်မူ၏။

ထိုအခါ