Page:နန္ဒီသေနပျို့.pdf/39

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၃၆
လက်ဝဲသုန္ဒရ
 

၈၈။။ ကလိင်္ဂစော၊ မုနော ခေါင်ချာ၊ များဗိုလ်ပါနှင့်၊ ထိုခါ အုတ်ကျက်၊ မဖက်,မဆိုင်၊ မပြိုင်,မပူး၊ ရွှံလန့်မူးလျက်၊ မြင်ဦးလှည့်လည်[1]၊ ထွက်ပြေးသည်တွင်၊ တောင်တည် နေခင်း၊[2]၊ ထိုသည် မင်း၏၊ တပ်တွင်း,တပ်ပြင်၊ တပ်ဝန်းကျင်မှ၊ လမ်းခွင် သွားရာ၊ များဥစ္စာသည်၊ မြေတာ ကြွင်းမဲ့၊ ကြဲသကဲ့သို့၊ လက်ဖွဲ့,လက်စွပ်၊ လက်ကြပ်,လက်ကောက်၊ စိန်,ကျောက် ထွေထွေ၊ ရွှေ,ငွေ စည်ဖောင်း၊ ပုံ,မောင်း ပတ်သာ၊ တန်ဆာ မှောက်တို၊ မိန်ညို ချပ်,ကာ၊ ပူတာ,ခွက်အုပ်၊ အထုပ်,အပိုး၊ ပုဆိုး သင်ထည်၊ မည်သည် မသိ[3]၊ သွားတိုင်း ငြိရှင့်။ ကရိယာများ၊ ဒိုင်း နှင့် လွှားက၊ လှံ,ဓား ရှုပ်ထွေး[4]၊ ပြောင်း,လေး သေနတ်၊ မလွတ် ဖြင်ပည်း၊ လား,မြည်း ဝန်တင်၊ မြင်း,ဆင် လူသူ၊ ဖမ်းယူကုန်ကြ၊ သုံ့,လက်ရသည်[5]၊ ကိုယ်င,ကိုယ်စီ၊ မချီ,ပိုးနိုင်၊ အဆိုင်ဆိုင်တည့်။ စိုးပိုင် သခင်၊ စောနတ်သျှင်လည်း၊ ချစ်ကြင် လွန်ပြင်း၊ အကုန် နှင်း၏။ မင်းဆွေ,စိုးမျိုး၊ မှူးရိုး, မတ်ခြား၊ မင်းသား, မင်းသမီး၊ လက်နက်ကြီးကို၊ သင်းသီး ဗိုလ်ပါ၊ မယူသာတည့်။ လိုရာ ကိစ္စ၊ ကြွင်းသမျှမူ၊ လက်ရ ယူစေ၊ ထိမ်းမှတ်ပေရှင့်။ ခြေတော်တင်ရ၊ ဆင်နာဂကို၊ ရကြသူအား၊ အဖိုးထား၍၊ ရွေးစားတော်မူ၊ မှုထမ်းသူတို့၊ တယူ ချီးမွမ်း[6]၊ ရေ့နှယ်ချမ်းသည်၊၊ ရွှင်ဝမ်း,သာယာ ငြိမ်းသတည်း။

၈၉။။ အောင်လံ စိုက်ထူ၊ အောင်တော်မူသည်၊ အောင်သူတို့မင်း၊ ခန့်ရန် တင်းလျက်[7]၊ ကြောင်းခြင်း စုံစီ၊ နှလုံးညီအောင်၊ နန္ဒီသေန၊ မတ် ကြီး စသည်၊ များလှ အပေါင်း၊ ခေါ်တုံ ရှောင်း၍၊ အကြောင်း ဆင်ခြင်၊ မှုရေးအင်ကို၊ တိုင်ပင်သည်ကား၊ “ ငါ့ဖုန်းအားကြောင့်၊ လျင်လျား, မကြာ၊ ရန်ပေါင်း ကွာ၏။ ဗိုလ်ပါ ဆင်,မြင်း၊ ဖြည့်တင်း မွေ့လျော်၊ နေပြည်တော်သို့၊ ပြန်သော် သင့်မည်၊ သူ့ ပြည် ခရိုင်၊ သူ့ နိုင်ငံသို့၊ သူ့ နန်းမြို့ကို၊ ငါတို့ ရအောင်[8]၊ စွမ်းဆောင်ကြမည်” ၊ အတည်တည်ကို၊ အရှည် မျှော်တွေး၊ စုံစမ်း မေးလျက်၊ ဖုန်းရေး ကံယွင်း၊ မင်းလည်း တိမ်းပြို၊


  1. မြင်းဦး လှည့်လည် (ဦး, မန်း)
  2. တောင်တည် နေမင်း (မြန်)
  3. မည်သည် မဖိ (မြန်)
  4. လှံ,ဓား ရှက်ထွေး (ဦး)
  5. သုံ့,လက်ရလည်း (ဦး, မန်း)
  6. တူရူ ချီးမွမ်း (ဦး)
  7. ခန့်ရပ်တင်းလျက် (မြန်)
  8. ငါတို့ရောက်အောင် (မြန်, ဦး)