၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ

From Wikisource
Jump to navigation Jump to search
စကားရပ်များ အစားထိုးသည့် ဥပဒေ  (1997) 

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁/၉၇)
၁၃၅၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
(၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ (က) ဤဥပဒေကို ၁၉၉၇ ခုနှစ်၊ စကားရပ်များ အစားထိုးသည့် ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ၁၃၅၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) နေ့မှစတင်၍ အာဏာတည်သည်ဟု မှတ်ယူရမည်။

၂။ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ကြေညာချက်၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်တို့တွင်ပါရှိသော အောက်ပါစကားရပ်များကို ယင်းတို့နှင့် ယှဉ်တွဲဖော်ပြထားသည့် စကားရပ်များဖြင့် ဆီလျော်သလို အစားထိုးပြီးဖြစ်သည်ဟု မှတ်ယူရမည် -

တည်ဆဲစကားရပ် — အစားထိုးသည့်စကားရပ်

(က) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ — နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ — နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ
(ဂ) ပြည်နယ် သို့မဟုတ် တိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ — ပြည်နယ် သို့မဟုတ် တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
(ဃ) ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ — ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
(င) မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ — မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့ကောင်စီ
(စ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ — ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ