၁၉၇၃ ခုနှစ်၊ ရန်ကုန်မြို့၊ တရားမရုံး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၇၃ ခုနှစ်၊ ရန်ကုန်မြို့၊ တရားမရုံး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ  (1973) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

၁၉၇၃ ခုနှစ်၊ ရန်ကုန်မြို့၊ တရားမရုံးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

[၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၆။]

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်။

(၁၉၇၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်။)


အောက်ဖေါ်ပြပါဥပဒေကို ထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤဥပဒေကို ၁၉၇၃ ခုနှစ်၊ ရန်ကုန်မြို့၊ တရားမရုံး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။


၂။ ။ ရန်ကုန်မြို့၊ တရားမရုံးအက်ဥပဒေ (The Rangoon City Civil Court Act) ကို၊ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။


၃။ ။ ဤဥပဒေ စတင်အာဏာတည်အံ့ဆဲဆဲ ကာလ၌၊ ရန်ကုန်မြို့ တရားမရုံး(ယခုအခေါ်အဝေါ်) တရား ရုံးချုပ်၊ မူလဘက်ဌာနခွဲ (၂) တွင်၊ မပြီးပြတ်သေးသည့် မူလတရားမ မှုခင်းအားလုံးကို၊ သက်ဆိုင်ရာ ရန်ကုန်တိုင်း၊ သို့မဟုတ် မြို့နယ်ပြည်သူ့တရားရုံးသို့ လွှဲပြောင်းပေးပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

ဦးနေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။


ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်။

(၁၉၇၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်။)


အမိန့်အရ၊

(ပုံ) ဒုတိယဗိုလ်မှူးကြီး မြကျော်၊

အတွင်းရေးမှူး၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။