၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ  (1963) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ။

[၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁၇။]

၁၃၂၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ရက်။

(၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ )


အောက်ဖေါ်ပြပါဥပဒေကို ထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤဥပဒေကို၊ ၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ အစိုးရက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။


၂။ ။ ၁၉၅၀ ပြည့်နှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ၊ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။


ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။


ရန်ကုန်မြို့၊ ၁၃၂၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ရက်။

(၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ )


အမိန့်အရ၊

ဒု-ဗိုလ်မှူးကြီးကိုကို၊

အတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့ ဥက္ကဋ္ဌရုံး။