၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ  (1963) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ။

[၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥပဒေအမှတ် ၄။]

၁၃၂၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်။

(၁၉၆၃ ခုနှစ်၊ မတ်လ ၁၅ ရက်။)


အောက်ဖေါ်ပြပါဥပဒေကို ထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤဥပဒေကို ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ် သည့်နယ်မြေနှင့် သက်ဆိုင်စေရမည်။
(၃) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။


၂။ ။ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ ဤဥပဒေနှင့် သက်ဆိုင်သည့်နယ်မြေတွင်၊ သို့တည်းမဟုတ် ထိုနယ်မြေတစိတ်တဒေသတွင်၊ တရားဥပဒေတခုခု၊ ပြုပြင်ပြောင်းလဲချက်များပါရှိ၍ ဖြစ်စေ၊ မပါဘဲဖြစ်စေ၊ အာဏာတည်စေရမည်ဟူ၍သော်၎င်း၊ အာဏာ တည်ခြင်းမှ ရပ်စဲစေရမည်ဟူ၍သော်၎င်း၊ ဆင့်ဆိုနိုင်သည်။


၃။ ။ ပုဒ်မ ၂ အရ၊ တရားဥပဒေတခုခုအာဏာတည်ခြင်းမှ ရပ်စဲသောအခါ၊ မြန်မာနိုင်ငံ ယေဘုယျစကား ရပ်အက်ဥပဒေပုဒ်မ ၅၊ အပိုဒ် (ခ)၊ (ဂ)၊ (ဃ)နှင့် (င) ရှိအက်ဥပဒေရုပ်သိမ်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ရမည်။


ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊


ရန်ကုန်မြို့၊ ၁၃၂၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်။

(၁၉၆၃ ခုနှစ်၊ မတ်လ ၁၅ ရက်။)


အမိန့်အရ၊

ဒု-ဗိုလ်မှူးကြီး ကိုကို၊

အတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့။