၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ  (1962) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ။

[၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၃။]

၁၃၂၄ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်။

(၁၉၆၂ ခုနှစ်၊ မေလ ၉ရက်။)

အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကျေညာသည်။

နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤဥပဒေကို ၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင် စေရမည်။

(၂) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။


၂။ ။ (၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေ (The University of Rangoon Act ) ကို၊ ဤဥပဒေဖြင့် ရုပ် သိမ်းလိုက်သည်။

(၂) ယင်းသို့ရုပ်သိမ်းသည့်အခါ-
(က) မြန်မာနိုင်ငံ ယေဘုယျစကားရပ် အက်ဥပဒေ ပုဒ်မ ၅ပါ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ရမည်။
(ခ) ရန်ကုန်တက္ကသိုလ် ပိုင်ပစ္စည်းအားလုံးသည်၎င်း၊ ရန်ကုန်တက္ကသိုလ်၏ ကြွေးမြီတာဝန်အားလုံးသည်၎င်း အစိုးရ၌ တည်ရှိသက်ရောက်ရမည်။


၃။ ။ ဤဥပဒေစတင် အာဏာတည်သည့် အချိန်မှအစပြု၍၊ နိုင်ငံတော် တော်လှန်ရေး အစိုးရသည်၊ ရန် ကုန် တက္ကသိုလ်အား၊ အဆိုပါ ရုပ်သိမ်းခြင်းခံရသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖြင့် ပေးအပ်ထား သည့် အာဏာနှင့် တာဝန်ဝတ္တရားများကို ဆက်လက်သုံးစွဲ ဆောင်ရွက်ရမည်။


ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

နိုင်ငံတော် တော်လှန်ရေးကောင်စီ။


၁၃၂၄ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်။

(၁၉၆၂ ခုနှစ်၊ မေလ ၉ ရက်။)


အမိန့်အရ၊

ဒု-ဗိုလ်မှူးကြီး ကိုကို၊

အတွင်းဝန်၊ နိုင်ငံတော် တော်လှန်ရေး အစိုးရအဖွဲ့။