၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ  (1957) 

သမတအိမ်တော်၊ မေမြို့ယာယီစခမ်း

၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှုတားမြစ်ရေး အက်ဥပဒေ။

[၁၉၅၇ ခုနှစ်၊ ရှမ်းပြည်နယ် အက်ဥပဒေအမှတ် ၁။]

၁၃၁၉ ခုနှစ်၊ တန်းခူးလပြည့်ကျော် ၁၂ ရက်။

(၁၉၅၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန် ကျေညာသည်။

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤအက်ဥပဒေကို ၊ ၁၉၅၇ ခုနှစ်၊ နှောက်ယှက်မှု တားမြစ်ရေး အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ရှမ်းပြည်နယ် တခုလုံးနှင့် သက်ဆိုင်စေရမည်။ ထို့ပြင် ဤအက်ဥပဒေသည်၊ ရှမ်းပြည်နယ်ဥက္ကဋ္ဌက အမိန့်ထုတ်ပြန်ကျေညာချက်ဖြင့် သတ်မှတ်သည့်နေ့ရက်၌၊ သတ်မှတ်သည့်အရပ် ဒေသများတွင်၊ အာဏာတည်ရမည့်ပြင်၊ အရပ်ဒေသများကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ် မှတ်နိုင်သည်။


၂။ ။ မည်သူမဆို တဦးတယောက်သောသူအား၊ ထိုသူပြုပိုင်ခွင့်ရှိသော ပြုလုပ်မှုကို ရှောင်ကြဉ်စေလိုသော ကြံရွယ်ချက်ဖြင့်၊ သို့မဟုတ် ရှောင်ကြဉ်ပိုင်ခွင့်ရှိသော ပြုလုပ်မှုကို ပြုစေလိုသော ကြံရွယ်ချက်ဖြင့် -

(က) ထိုသူကိုဖြစ်စေ၊ ထိုသူ၏ မိသားတစုမှ တဦးဦးကိုဖြစ်စေ၊ ထိုသူခိုင်းစေထားသောသူ တဦးဦးကိုဖြစ်စေ ဟန့်တားလျှင်၊ သို့မဟုတ် အကြမ်းမှုပြုလျှင်၊ သို့မဟုတ် ခြိမ်းခြောက်လျှင်၊
(ခ) တဦးတယောက်သောသူ၊ သို့မဟုတ် ထိုသူ၏မိသားတစုမှတဦးဦး၊ သို့မဟုတ် ထိုသူ၏ ခိုင်းစေ ထားသူတဦးဦး၏ နေထိုင်ရာအရပ်၊ သို့မဟုတ် ထိုသူ၏အလုပ်ခွင်၊ သို့မဟုတ် ထိုသူရှိရာအရပ်၊ သို့မဟုတ် ဆိုခဲ့သည့်အရပ်၏ အနီအနားတွင် ရစ်ဝဲစောင့်ဆိုင်းနေလျှင်၊
(ဂ) တဦးတယောက်သောသူ၏နောက်၌ တနေရာမှတနေရာသို့ အမြဲတစေလိုက်နေလျှင်၊
(ဃ) တဦးတယောက်အသုံးပြုသော၊ သို့မဟုတ် ပိုင်ဆိုင်သော သက်ရှိသက်မဲ့ပစ္စည်းတခုခုကို အနှောက် အယှက်ပြုလျှင်၊ သို့တည်းမဟုတ် ထိုပစ္စည်းကို အသုံးပြုခြင်းမှ လက်လွတ်စေလျှင်၊ သို့မဟုတ် ထိုသို့ အသုံးပြုခြင်းမှ တားဆီးပိတ်ပင်လျှင်၊
(င) တဦးတယောက် ဝင်ရောက်ခွင့်ရှိသောနေရာသို့ ဝင်ရောက်ခြင်းမှ သော်၎င်း၊ ချဉ်းကပ်ခြင်းမှသော် ၎င်း ဟန့်တားခြင်းဖြစ်စေရန်၊ ရစ်ဝဲစောင့်ဆိုင်းနေလျှင်၊ လဲလျောင်းနေလျှင်၊ မရှောင်မဖယ် နေလျှင်၊ သို့မ ဟုတ် တစုံတခုပြုလုပ်လျှင် ထိုသူသည် နှောက်ယှက်မှု ကျူးလွန်သည်မည်၏။
ရှင်းလင်းချက်။ ။ ဤပုဒ်မဖြင့် တားမြစ်သော ပြုလုပ်မှုတခုခုကိုမပြုဘဲ တိုင်းရင်းသား စက်မှုလက်မှုလုပ် ငန်းများကို အားပေးချီးမြှင့်ဟောပြောခြင်း၊ သို့တည်းမဟုတ် မူးယစ်သော သောက်စားခြင်းမှ ရှောင်ကြဉ် ရေးအတွက်သော်၎င်း၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက်သော်၎င်း၊ သုစရိုက်မှုကို ပြုရေးအတွက် သော်၎င်း၊ ဟောပြောခြင်း၊ သို့တည်းမဟုတ် အလွန်အကျူးမူးယစ်သောက်စားခြင်းကိုသော်၎င်း၊ ကိုယ်ကျင့်တရားပျက်ပြားခြင်းကိုသော်၎င်း၊ ဒုစရိုက်မှုပြုခြင်းကိုသော်၎င်း ရှုံ့ချပြစ်တင်ခြင်း၊ ဟောပြော ခြင်းသည် ဤပုဒ်မ အရ ပြစ်မှုမဟုတ်။


၃။ ။ နှောက်ယှက်မှုကျူးလွန်သူကို ခြောက်လထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးရာထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ စီရင်နိုင်သည်။


၄။ ။ ရဲဌာနာအုပ်ရာထူးအောက် မနိမ့်သော ရဲအရာရှိတဦးဦးက ပြစ်မှုကျူးလွန်ရာရောက်သည့်အ ကြောင်းချင်းရာများကို စာဖြင့်ရေးသား အစီရင်ခံခြင်းပြုသည့် အခါမှ တပါး နှောက်ယှက်မှုကို မည်သည့် တရားရုံးကမျှ အရေးယူပိုင်ခွင့်မရှိစေရ။


၅။ ။ တည်ဆဲတရားဥပဒေတခုခုတွင် မည်သို့ပင်ရှိစေကာမူ-

(၁) ပဌမတန်း ရာဇဝတ်တရားသူကြီးအောက်နိမ့်သော မည်သည့် တရားရုံးကမျှ နှောက်ယှက်မှုကို စစ် ဆေးစီရင်ခြင်းမပြုရ၊
(၂) နှောက်ယှက်မှုကို ရဲက အရေးယူပိုင်ခွင့်ရှိစေရမည်၊ ထို့ပြင်
(၃) နှောက်ယှက်မှုသည် ခံဝန်မရနိုင်သော ပြစ်မှုဖြစ်စေရမည်၊ တနည်းဆိုသော် နှောက်ယှက်မှုနှင့် ဖမ်းဆီးထားသူကို အာမခံမပေးရ။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

ဦးဝင်းမောင်၊
သမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။


မေမြို့ယာယီစခမ်း၊ ၁၃၁၉ ခုနှစ်၊ တန်းခူးလပြည့်ကျော် ၁၂ ရက်။
(၁၉၅၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်။)


အမိန့်အရ၊
ပါစိန်၊
သမတ၏အတွင်းဝန်။
[အမှတ် ၅၆]