၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) (ပြင်ဆင်ချက်) အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) (ပြင်ဆင်ချက်) အက်ဥပဒေ  (1950) 

သမတအိမ်တော်၊ ရန်ကုန်မြို့။

၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) (ပြင်ဆင်ချက်) အက်ဥပဒေ။

[၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ်အက်ဥပဒေအမှတ် ၁။]

ရန်ကုန်မြို့၊ ၁၃၁၂ ခု၊ ဝါခေါင်လဆုတ် ၇ ရက်။

(၁၉၅၀ ခု၊ စက်တင်္ဘာလ ၄ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန်ကျေ ညာသည်။

၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေကို ပြင်ဆင်ရန်လိုအပ် သည်ဖြစ်သောကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။


၁။ ။ဤအက်ဥပဒေကို “၁၉၅၀ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) (ပြင်ဆင်ချက်) အက်ဥပဒေ” ဟုခေါ်တွင်ရမည်။


၂။ ။ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမတက ထုတ်ပြန်ကျေညာသည့်နေ့မှစ၍ အာဏာတည်သည်ဟု မှတ်ယူရမည်။


၃။ ။၁၉၄၈ ခုနှစ်၊ ကချင်ပြည်နယ် ယာယီကောင်စီ (သဘာပတိလစာငွေ) အက်ဥပဒေပုဒ်မ ၂၊ ပဌမ စာကြောင်းတွင် “၁,၂၅၀/-”ဆိုသော ဂဏန်းများအစား “၁,၃၅၀/-”ဆိုသော ဂဏန်းများကို ပြင်ဆင် ထည့်သွင်းရမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊
နိုင်ငံတော်ယာယီသမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၂ ခု၊ ဝါခေါင်လဆုတ် ၇ ရက်။
(၁၉၅၀ ခု၊ စက်တင်္ဘာလ ၄ ရက်။)

အမိန့်အရ၊
ခင်မောင်ဖြူ၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၅၇]