ဧကဝုစ်နဂိုဉာဏ်

From Wikisource
Jump to navigation Jump to search
ဧကဝုစ်နဂိုဉာဏ်
by စလေ ဦးပုည

အဏ္ဏဝါ လှိုင်းဂယက်လိုပ
ကသိုဏ်းကွက်ထင်အောင်
လာလိုက်တဲ့ စာစောင်ငယ်
ဖောင်ပေရဲ့ စကား
လေပုပ်လို့ ခြွေထုတ်ပြန်တယ်
ဝေဝုစ်စ်ဉာဏ်လွှင့်လှချည်လား ။
ဖွတ်အောင်းတဲ့ ခြတောင်ရယ်
မြင်းမိုရ်ယောင် ဝါကြွား
သင်းလိုကောင် ပါမွှားကို
လွှားလိုက်မယ်ရွှေကိုယ်
နဂိုဉာဏ် ဧကဝုစ်ပါပဲ
ပေအရှုပ် ပြောဘုအပို
လေဖျောက်လို့ မှောင်ခိုတယ်
တောင်ပြိုတာ ဘယ်သို့လို့
နောင်ဖို့ပ ထင်အမြင်
သိလိမ့်အစဉ်
ဖွတ်အောင်းတဲ့ တောင်ရှင်ငယ်
မှောင်ချင်လျှင် မှောင်စမ်းတော့လေး ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse