Jump to content

ဧကဗြာဟ္မဏဝတ္ထုဂါထာ

From Wikisource

၂၆-ဗြာဟ္မဏဝဂ်

၁၃-ဧကဗြာဟ္မဏဝတ္ထုပါဠိဂါထာ

၆၉၇။ န စာဟံ ဗြာဟ္မဏံ ဗြူမိ, ယောနိဇံ မတ္တိသမ္ဘဝံ၊
ဘောဝါဒိ နာမ သော ဟောတိ, သစေ ဟောတိ သကိဉ္စနော၊
အကိဉ္စနံ အနာဒါနံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

အဟံ၊ ငါဘုရားသည်။ ယောနိဇံ၊ အမျိုးလေးပါး တစ်ပါးပါး၌ ဖြစ်သော။ မတ္တိသမ္ဘဝံ၊ မိခင်ပုဏ္ဏေးမ၏ ဥစ္စာဖြစ်သောဝမ်း၌ ဖြစ်သောပုဂ္ဂိုလ်ကို။ ဝါ၊ မိခင်ပုဏ္ဏေးမ၌ ဖြစ်သောပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ န စ ဗြူမိ၊ ဟောတော်မမူသည်သာ။ သော၊ ထိုပုဂ္ဂိုလ်သည်။ သကိဉ္စနော၊ ဖိစီးနှိက်စက်တတ်သော ရာဂစသောတရားတို့နှင့် တကွဖြစ်သည်။ သစေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ (ဧဝံ သတိ၊ သော်။) ဘောဝါဒီ နာမ၊ ဘော ဘောဟု ဆိုလေ့ရှိသောပုဂ္ဂိုလ်မည်သည်။ ဟောတိ၊ ၏။ အကိဉ္စနံ၊ ဖိစီးနှိက် စက်တတ်သော ရာဂစသော တရားတို့မရှိသော။ အနာဒါနံ၊ ဥပါဒါန်လေးပါးတို့ဖြင့် စွဲလမ်းခြင်းမရှိသော။ တံ၊ ကို။ ဗြာဟ္မဏံ၊ ဟူ၍။ အဟံ၊ သည်။ ဗြူမိ၊ ၏။ (ပါ-၃၆၉)

၁။ယောနိဇံ, မတ္တိကံ။ ။ ယဝန္တိ သတ္တာ အနေန ဧကီဘာဝံ ဂစ္ဆန္တီတိ ယောနိ၊ [ယု+ နိ၊-မောဂ်-၇၊၁၁၃။] ယောနိယံ+ဇာတော ယောနိဇော၊ မာတု+သန္တကံ မတ္တိ၊ (တစ်နည်း) မာတာယေဝ မတ္တိ၊ [မာတု+ဏိ၊ ရှေးနည်း ဓမ္မ၊ဋ္ဌ၊ နောက်နည်း မ၊ဋ္ဌ၊၃၊၂၉၇။] မတ္တိယံ+သမ္ဘဝေါ မတ္တိသမ္ဘဝေါ။ ဤနည်း၌ ယောနိဇအရ အမျိုးလေးပါးတွင် တစ်ပါးပါးသောအမျိုး၌ဖြစ်သူ, မတ္တိ- သမ္ဘဝအရ မိခင်ပုဏ္ဏေးမဝမ်း၌ဖြစ်သူတည်း၊ ဖခင်ဘက်က မည်သည့်အမျိုးပင် ဖြစ်စေကာမူ မိခင်ဘက်က ပုဏ္ဏားမျိုးဟု ဆိုလိုသည်။

တစ်နည်း။ ။ ယောနိတော+ဇာတော ယောနိဇော-ပုဏ္ဏားမျိုးမှ မွေးဖွားသူ၊ မတ္တိတော+ သမ္ဘဝေါ မတ္တိသမ္ဘဝေါ-မိခင်ပုဏ္ဏေးမှ မွေးဖွားသူ၊ ဤနည်း၌ ယောနိဇအရ အဆက်ဆက်စင် ကြယ်သော ပုဏ္ဏားမျိုးမှ မွေးဖွားသူ, မတ္တိသမ္ဘဝအရ မိခင်ပုဏ္ဏေးမမှ မွေးဖွားသူတည်း၊ မိဘ၂ပါး လုံး ပုဏ္ဏားမျိုးဟု ဆိုလိုသည်။(မ၊ဋ္ဌ၊၃၊၂၉၇-၈၊ သုတ္တနိ၊ဋ္ဌ၊၂၊၁၆၇) [ယောနိကို အင်္ဂါဇာတ် အနက်ဟောယူ၍ “ယောနိဇံ-ဖခင်ပုဏ္ဏား၏ လိင်ကြောင့်ဖြစ်သော”ဟု ပေးကြသေး၏၊ “ယောနိဇာဝ သမာနာတိ ဗြာဟ္မဏီနံ ပဿာဝမဂ္ဂေန ဇာတာ သမာနာ(ဒီ၊ဋ္ဌ၊၃၊၄၆၊မ၊ဋ္ဌ၊၃၊၂၇၉)” ဟူသော အဖွင့်နှင့် မညီပါ။]

ကာရဏဖလပေးပုံ။ ။ ပထမဒုတိယပါဒကို ဖလဝါကျ, တတိယစတုတ္ထပါဒကို ကာရဏဝါကျယူ၍ “ယောနိဇံ-သော၊...န စ ဗြူမိ၊ (ကသ္မာ-နည်း၊ ယသ္မာ-ကြောင့်၊) သောသည်၊...ဘောဝါဒီ နာမ-သည်၊ ဟောတိ၊ (တသ္မာ-ထိုကြောင့်တည်း)”ဟု ပေးနိုင်၏။(မ၊ဋ္ဌ၊၃၊၂၉၈) [“သုဘာသုဘကထနတ္ထံ ဘော ဘောတိဝစနံ ဝဒတိ သီလေနာတိ ဘောဝါဒီ-ဘော ဘောဟူသောစကားကို ဆိုလေ့ရှိသူ(ဓာန်-ဋီ-၄၀၈)။]

ဧကဗြာဟ္မဏဝတ္ထုဂါထာနိဿယပြီးပြီ။