ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၆/၂၀၁၅

From Wikisource
Jump to navigation Jump to search
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၆/၂၀၁၅  (2015) 
by သိန်းစိန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ခြင်း
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၆/၂၀၁၅)
၁၃၇၇ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်
(၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်)


၁။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၅) ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုး မိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်တည်စေပြီး ယင်းအမိန့်ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဆက်လက်အပ်နှင်းလိုက်သည်။


၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို မိမိကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေ ခြင်းပြုနိုင်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်