အောင်မြေရွှေပြည်-ချီ ရတု

From Wikisource
Jump to navigation Jump to search
"အောင်မြေရွှေပြည်"ချီ ရတု
by မင်းရာဇာ ခေါ် ဒုတိယနဝဒေး

အောင်မြေရွှေပြည် မင်းဖျားတည်သား စဉ်ရှည်စွာဘိ ကိန်းဇာတိမူ ထရိဗေဒ စွန်းဧကဟု ဘုရာ့းဘိုးတော် တေဇော်ထန်ပြင်း မြန်ထိပ်နင်း၏ ဘေးရင်းစောထွတ် လောကနတ်လျှင် တမွတ်တွင်ထ ဝိသေသဖြင့် ဧကတွက်ကိန်း ရှေ့နောက်ထိန်းလျက် တရိန်းနှစ်ဘော် လယ်၌ပေါ်၏ ထိန့်ကျော်စည်ဖြီး ထွန်းလျှံညီးသည် ဘုန်းမီး ထာဝရဘုရား

ရောင်ရွှေထွေလည် ရွှန်းရွှန်းကြည်သား ထောင်ခြည်ထွန်းလင်း တက်နေဝင်းသို့ ရာမင်းထိပ်ထွတ် လောကနတ်၏ သားမြတ်နှစ်ဖေါ် မြေးတော်နှစ်ပြိုင် မြစ်ဆိုင်နှစ်ပါး မင်းဖျားသည်းပွတ် မင်းမြတ်သားတော် မင်းကျော်ရင်သွေး မုလေးပျံ့ကြိုင် ထိပ်ပန်းတိုင်လျှင် ဖြီးခိုင်သာသနာ တည်စိမ့်ငှါဟု ရိုက်ရာသိမ်းမြန်း ကိုးဆက်ထွန်းသား မတန်းမိုက်မှောင် ဝင်းဝင်းပြောင်သည် ဘုန်းရောင် အနန္တဘုရား

ခေါင်ဗွေနေတည် နန်းပွဲစည်သား ဤပြည်သီရိ ရပ်ဘူမိ၌ ပြည်ကြီ့းသနင်း မြတ်ရှင်ရင်းသည် မင်းမိဘုရား သားတော်မြေးမြစ် သစ်သစ်စဉ်ဆက် နန်းတက်နှင်နှင် စမ္ပာယ်ရွှင်လျက် ချစ်ရှင်ပျံ့မွှေး ဗျာဒိပ်ပေးသား မန္တလေးရွှေတောင် ဆက်မိအောင်လျှင် စောင့်ဆောင်သာသနာ ရောင်ဝါစည်ဖြီး လိုတော်ပြီး၍ တပ်ကြီးလည်းထွန် ကျွန်းကြီးလည်းပေါ် ထိန့်ထိန့်ကျော်သည် ဘုန်းတော် စိန္တေယျဘုရား