အာမနာကျောင်း ကျောက်စာ

From Wikisource
Jump to navigation Jump to search
အာမနာကျောင်းကျောက်စာ  (သက္ကရာဇ် ၆၂၈) 
by သိင်္ဃသူသမီး

(မျက်နှာဘက်)
၁၊၂၊၁၅၃၊၁။
“သကရစ် ၆၂၈ခု။ ပိသျက်နှစ်။ နံကာလဆန် ရရျက် ကြသပတိယ်နိယ် မထိလိုဝ်မ္လိယ် မင်မိယာ သိင်္ဃသူသမီ။ ဖ္လစ်သဆိုဝ်ငြ
ယ် အိုဝ်မင်သဆိုဝ်ငြယ် သိယ်သဆိုဝ်ငြယ် မခ္လျတ်သသူနှင်အကွ နိယ်သဆိုဝ်ငြယ် ချတ်သသူနှင် ကွိယ်ကင်သဆိုဝ်ငြယ် လိုဝ်ရုယ်မရသဆိုဝ်ငြယ်။ ဤယ်သို
ဝ်ကစသော အတိုင်မသီသဆိုဝ်ငြယ်တိုဝ်သည် နှိပ်စက်သော ခန္ဓာကိုဝ် စွန်ထာခရုယ် ဆိုဝ်ငြယ်ခပ်သိမ်ကင်သော ချမ်သာစွာသော မ္လတ်သနိယ်ရဗန်ကိုဝ်
လျှင် ငာလိုဝ်သတေဟူရုယ် ချတ်စွာသော မ္လတ်သော ရှုယ်ငုယ်ကစသော ဥတ်စာတိုဝ်ကိုဝ်စွန်ရုယ် ပ္လုသော က္လောင်တွင်နိယ်သော သတင် သမာဓိ ပြညာ
ဟူသော က္လည္ဇူသုံပါကိုဝ်ရှာသော သတင်စင်သော ပုရှာ တပေအ်သာ ရဟန်သင်္ဃာ ချမ်သာစိမ်သောငှာ လယ် ဥယန် ကျွန်ခပင် အကြွင်မယ်လျှင်လှူဧအ်။”

[သက္ကရာဇ် ၆၂၈ ခု ဝိသာခါနှစ်၊ နံကာလဆန်း ၇ရက်၊ ကြာသပတေးနေ့ မထိလိုမြေး မင်းမယား သိင်္ဃသူ သမီး ဖြစ်သောဆင်းရဲ၊ အိုမင်းသောဆင်းရဲ၊ သေ သောဆင်းရဲ၊ မချစ်သောသူနှင့်အကွနေသောဆင်းရဲ၊ ချစ်သောသူနှင့် ကွေကင်းသောဆင်းရဲ၊ လို၍မရသော ဆင်းရဲ ဤသို့ကစသော အတိုင်းမသိသော ဆင်းရဲ တို့သည် နှိပ်စက်သောခန္ဓာကို စွန့်ထားခ၍ ဆင်းရဲ ခပ်သိမ်းကင်းသော ချမ်းသာစွာသော၊ မြတ်သော နေရပန် ကိုလျှင် ငါလိုသတည်းဟူ၍ ချစ်စွာသော၊ မြတ်သော၊ ရွှေငွေကစသော ဥစ္စာတို့ကိုစွန့်၍ ပြုသောကျောင်း တွင်နေသော သီတင်း သမာဓိ ပညာဟူသော ကျေးဇူး သုံးပါးကိုရှာသော သီတင်းစင်သော ဘုရားတပည့် သား ရဟန်းသံဃာ ချမ်းသာစိမ့်သောငှာ လယ်၊ ဥယျာဉ်၊ ကျွန်ခပင်း အကြွင်းမဲ့လျှင်လှူ၏။]

၁၊၂၊၁၅၃၊၂။
...“ဤယ်ငာ
တိုဝ်ပ္လုသော ကောင်မှုအက္လိုဝ်။ အတိုဝ်ခပ်သိမ်သောကိုဝ် အစိုဝ်ရသော ရိယ်မ္လိယ်အသ္ခိင်ဖ္လစ်သော မင်ကြီလေရ စိယ်ဧအ်။ ဤယ်ကောင်မှုအာနုဘဝ်ဖ္လင် ပြည်တို
င်ကာ ခပ်သိမ်သနှိုက်နိယ်သော လူခပ်သိမ်သောဧအ် အစီအဖွာ ချမ်သာကိုဝ် ရှာပိယ်လျက် သက်၎္တဝ်ရှည်စွာ နိယ်ရုယ် ဤယ်ကောင်မှုကိုဝ် ထောက်ပင်
စိယ်သတေ။ အမိပုရှာစသော ခပ်သိမ်လေ ရစိယ်ဧအ်။ အချင်ချင် အမျက်အဤ တစိယ်မဟိယ် ချတ်သမျက်စိယ်ဖ္လင် ရှုကြရစိယ်ဧ
အ်။ ယခုဟိသော နောင်ဖ္လစ်လတ်အံသော မင်ကြီမင်သာ အမတ်တျာစသော သူခပ်သိမ်လေ ရစိယ်သတေ အရိယ် အရံယူပါစိယ်သတေ။ ယမမင်စသော သတ္တဝာခပ်
၁၀ သိမ်လေ ရစိယ်သတေ။ အရအမိကိုဝ်လိုဝ်သောသူကာ အရအမိ ရစိယ်ဧအ်။ ကောင်မှုကိုဝ်မူ လိုသောသူကာ ကောင်မှုကိုဝ်မူ ရစိယ်ဧအ်။”

[ဤငါတို့ပြုသော ကောင်းမှုအကျိုး အတို့ခပ်သိမ်းသောကို အစိုးရသော ရေမြေအသခင်ဖြစ်သော မင်းကြီးလည်း ရစေ၏။ ဤကောင်းမှုအာနုဘော်ဖြင့် ပြည်တိုင်းကား ခပ်သိမ်းသော၌နေသော လူခပ်သိမ်းသော၏ အစီးအပွား ချမ်းသာကို ရှာပေလျက် သက်တော်ရှည်စွာနေ၍ ဤ ကောင်းမှုကို ထောက်ပင့်စေသတည်း။ အမိဖုရားစသော မောင်းမတော်ခပ်သိမ်းလည်း ရစေ၏။ အချင်းချင်း အမျက်အဤ တစ်စေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြ ရစေ၏။ ယခုရှိသောနောင်ဖြစ်လတ်အံ့သော မင်းကြီး၊ မင်းသား၊ အမတ်ရာစသော သူခပ်သိမ်းလည်း ရစေ သတည်း။ အရေးအရံယူပါစေသတည်း။ ယမမင်းစသော သတ္တဝါခပ်သိမ်းလည်း ရစေသတည်း။ အရအမိကို လိုသောသူကား အရအမိ ရစေ၏။ ကောင်းမှုကိုမူ လိုသောသူကား ကောင်းမှုကိုမူ ရစေ၏။]

၁၊၂၊၁၅၃၊၃။
၁၀ ...“ငာလေရံမက်ကြီသ
၁၁ မရောင်ရယ်တတ်သော။ အမျက်ကြီသော သူတစ်ထူကိုဝ် ညှန်ဆယ်တတ်သော ပြညာမဟိယ်သော မိုက်သော ဝန်တိုဝ်သော အပိယ်အကံမဟိယ်သော။
၁၂ သစ္စာမဟိယ်သော ပ္လက်တတ်သော။ မိယ်လျဝ်သော ဩမိယ်တသကင်သော မဖ္လစ်မူရုယ် ရံမက်နည်သော
ရောင်ရယ်လွယ်သော။ အမျက်နည်သော သနာတ
၁၃ တ်သော ပြညာဟိယ်သော အကြောင်ကိုဝ်သိတတ်သော ဝန်မတိုဝ်သော အပိယ်အကံဟိယ်သော သစ္စာဟိယ်သော မပ္လက်တတ်သော မမိယ်လျဝ်သော
၁၄ ဩက်မိယ်တသဟိယ်သော ဤယ်သိုဝ်သော က္လည္ဇူတိုဝ်နှင် ပ္လည္ဇုံလျက် သင်္သရာနှိုက်ကျင်လည်ရုယ် မိတ္တရျာပုရှာ မျက်မှောက်ကင်ကာလျှင်။ ဝ။
၁၅ မ္လတ်သအက္လွတ်တရျာရလိုဝ်သတေ။ ၀ ။”

[ငါလည်း ရမ္မက်ကြီးသော မရောင့်ရဲတတ်သော၊ အမျက်ကြီးသော သူတစ်ထူးကိုညှဉ်းဆဲတတ်သော၊ ပညာမရှိသော မိုက်သော၊ ဝန်တိုသော အပေး အကမ်းမရှိသော၊ သစ္စာမရှိသော ပြက်တတ်သော၊ မေ့လျော့သော အောက်မေ့တသကင်းသော မဖြစ်မူ၍ ရမ္မက်နည်းသော ရောင့်ရဲလွယ်သော၊ အမျက်နည်း သော သနားတတ်သော၊ ပညာရှိသော အကြောင်း ကိုသိတတ်သော၊ ဝန်မတိုသော အပေးအကမ်းရှိ သော၊ သစ္စာရှိသော မပြက်တတ်သော၊ မမေ့လျော့ သော အောက်မေ့တသရှိသော ဤသို့သော ကျေးဇူး တို့နှင့်ပြည့်စုံလျက် သံသရာ၌ကျင်လည်၍ မေတ္တေယျ ဘုရား မျက်မှောက်ကင်္ကာလျှင် မြတ်သောအကျွတ် တရား ရလိုသတည်း။]

 [သက္ကရာဇ် ၆၃၀]
(ကျောဘက်)
“ဤငာလှူသောကောင်မှုကိုဝ် ခီပင်ပါသောသူကာ ငာနှအတူရစပါစေ၏၊ ဖျက်ဆီသသူကာ
အဝီစိစသော ငရဲကြီး၈ထပ်၊ ငရဲ၁ဝဝအမ္လတ်လျင် ခံစေသတေ ညောင်ဦစသော သြေိပိစရာတိုင်ဩာင် သဲပုံမ်အတိုင်လျှင် ခံစေသတေ။”

[ဤငါလှူသောကောင်းမှုကို ချီးပင့်ပါသောသူကား ငါ နှ(င့်)အတူ ရစပါစေ၏။ ဖျက်ဆီးသသူကား အဝီစိစသော ငရဲကြီးရှစ်ထပ်၊ ငရဲ ၁ဝဝ အမြတ်လျှင် ခံစေသတည်း။ ညောင်ဦးစသော သီရိပစ္စရာတိုင်အောင် သဲပုံအတိုင်းလျှင် ခံစေသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse