အာဇာနည် သံချို

From Wikisource
Jump to navigation Jump to search
အာဇာနည် သံချို
by ဟံသာဝတီ ဦးဘရင်
မူးရင်းသတ်ပုံအတိုင်း ဖြစ်ပါသည်။

(၁)
သောင်းဇမ္ဗူလက်ျာခ၊
ဌာနတမ္ဗဒီဟု၊
မြန်ပြည်တွင် တဂုဏ်မျှို့တွေကြောင့်၊
ဂရို့ သင်္ချာဝင်တဲ့၊
မင်္ဂလာ ယင်းရွှေချောင်းငယ်က၊
မြောက်စောင်းနှင့်ရှေ့ပြုပ်ပါ၊
ဝန်းမြှောင်ကာ တဖုံထူးတာက၊
ပဲခူးခေါ် ရိုးမကြီးမှာတော့၊
ကာဆီးကာ ပြိုင်တုကျွန်းတာကြောင့်၊
လူစွမ်းဂုဏ်ရည်ချွန်တို့၊
ဇာနည်မွန် ဖွားရာမြောက်ပါတဲ့၊
မြို့နတ်မောက် မည်နာမာ၊
ရှည်ကမ္ဘာတွင်သမိုင်းမှာ၊ နှိုင်းတုမရာ။

(၂)
နာယက ဆဌဂုဏ်အင်၊
သူတော်စဉ်ခုနှစ်ပါး တရားဆင်ခြင်တဲ့၊
မျိုးနွယ်ဝင် ထိုကဖွားလာရ၊
ယောက်ျား အာဇာနည်ဟု၊
ဘာမထေရ် ရန်ခလုတ်ကိုတော့၊
ကျူငုတ်ပါ မကျန်ရှင်းနိုင်တဲ့၊
ခပင်းမောင်ရွှေကန်နှင့်၊
ဂလိတ်မှန် ကိုရွှေအင်းငယ့်ပြင်၊
မြင်ပြင်းဘွယ် တကယ်ညစ်ပါတဲ့၊
ဖက်ဆစ် ရွှေဂျပန်တို့၊
မကျန်နှီ ရန်စီပြုန်းရန်ဘို့၊
စံမမှီ နန္ဒီထုံးငယ်ပြင်၊
နှလုံးရည် မဟော်သွင်သို့၊
မြော်အမြင် ကွက်ကျော်ရှုနိုင်တဲ့၊
မမှုရန်ဟူက၊
နလံထူ ပြန်မူ၍ မကျူးရအောင်၊
မီးရှူးမာတာမြင်လို့၊
ငယ်မြည်တွင် မောင်ထိန်လင်းငယ်က၊
မယွင်းတန်ဆောင်လျှမ်းစေဖို့၊
အောင်ဆန်း အမည်ပြောင်ခဲ့၊
ဗိုလ်မင်းရောင် သူ့ အဖိုးလိုပ၊
အမျိုးဂုဏ် ကမ္ဘာထွန်းစေမည့် မော်ကွန်းစာ။

(၃)
တစ်သုံးသုဉ်ခုနှစ် (၁၃၀၇) စွန်း၊
ပေါ် ထွန်းကောဇာ၌၊
ပြောစရာ မောင်ငပုငယ်တို့၊
လူမှုဆန့်ကျင်လို့၊
မျိုးပုံရင် မြန်မာနှင့်၊
ဘာသာ သာသနာက၊
အဖြာဖြာ နိုင်ထက်စီးပါလို့၊
အပြီးတိုင် လုယက်ကျန်း၊
ညှင်းပန်းကလူ ပြုတာကြောင့်၊
မရှုရက်နိုင် သည်အရေးငယ်နှင့်၊
ဝန်လေး လွန်အခါက၊
နှစ်တရာ ကျွန်ဘဝကိုဖြင့်၊
သည်တခါ ရည်တာရစေဟု၊
အဓိတ်ဌာန် စိတ်ကြံဆသည့်ပြင္၊
ကာယကိုယ်တိုင်ပ၊
လက်နက်ကိုင် ရဲဘော်များငယ်နှင့်၊
ဝင့်ကြွားဗလောင်ဆန်တဲ့၊
မောင်ဂျပန် ဖက်ဆစ်ပေါင်းကိုလ၊
ထောင်းထောင်းဆော်နှံတဲ့၊
မဟော်ဉာဏ် ဗိုလ်အောင်ဆန်းကိုဖြင့်၊
တခန်းကြည်ညိုလို့၊
သူ့နည်းကို တကယ်လိုက်ပါမှ၊
သိုက်မြိုက်မည့် တို့ဗမာ၊
ရှည်ကြာလို့ဂုဏ်မွှေး။

(၄)
တကယ်ပင်၊
မျိုးဂုဏ်ကိုဆယ်တင်လို့၊
တို့ပြည်ခွင် လွတ်လပ်ရေးကိုလ၊
မနှေးရည်ရာသို့၊
ကြည်သာစွာ အမြန်ရစေဘို့၊
ပြည်ပ ပြည်နယ်နှင့်၊
ပင်လုံဝယ် လက်ကိုလှမ်းသည့်ပြင်၊
တခန်းသခင် ဖြစ်စေဟု၊
ရည်လစ်ခါ ကိုယ်တိုင်ကြိုးတာကြောင့်၊
အမျိုး ဂုဏ်ရောင်လျှပ်ပါလို့၊
လွတ်လပ်မြန်ပြည်ဟု၊
အရှည်ပင် ကမ္ဘာပေါ်၌၊
နှံ့ကျော်အောင် တလှိုင်လှိုင်ပ၊
တကြိုင်ကြိုင် ရနံ့မွှေးခဲ့ရ၊
အရေးရှင် ဗိုလ်အောင်ဆန်းမှာဖြင့်၊
လူသွမ်းမသမာကောင်တို့၊
တဏှာမှောင် မိုက်မလင်းတာကြောင့်၊
မြင်ပြင်းဣဿာဖြင့်၊
အဘိဇာ စိတ်မှာစောကာပ၊
မနိပ်စွာ မိစ္ဆာသဘောငယ်ကြောင့်၊
အတောဘယ်မသတ်နိုင်လို့၊
ဇီဝိန်ကို ရည်ချိန်လို့ဖြတ်လေပေါ့၊
လူ့ရပ်တွင် ဘယ်မပြုနိုင်တဲ့၊
ဂရုကံ ဧရာမ ဟာမို့၊
ရှုကာကြံ အခြေမသမာလှတာမို့၊
ရိုင်းကောင်တွေကို နှိုင်းဆောင်လို့ မပြနိုင်ဘူး၊
(သခင်မှိုင်းရေ) တွေးဆလို့ဆွေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.