အသောကကျောက်စာ

From Wikisource
Jump to navigation Jump to search

အသောကကျောက်စာများ

ကျောက်ဆောင်စာ[edit]

ပထမ ကျောက်ဆောင်စာ[edit]

ပြာကြိုဋ်[edit]

  • ၁။ ဣယံ ဓံမလိပိ ဒေဝါနံ ပိယေနာ ပိယဒသိနာ လေခိတာ။ ဟိဒါနာကိဆိ ဇိဝေ အာလဘိတု ပဇောဟိတဝိယေ။
  • ၂။ နော ပိ စာ သမာဇေ ကဋေဝိယေ။ ဗဟုကာ ဟိ ဒေါသာ သမာဇသာ ဒေဝါနံပိယေ ပိယဒသီ လာဇာ ဒခတိ။ အထိ ပိ စာ ဧကတိယာ သမာဇ သာဓုမတာ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ။
  • ၃။ ပုလေ မဟာနသသိ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ အနုဒိဝသံ ဗဟုနိ ပါနသဟဟာနိ အာလဘိယိသု သုပဌာယေ။ သေ ဣဒါနိ ယဒါ ဣယံ ဓံမလိပိ လေခိတာ တဒါ တိံနိ ယေဝါ ပါနာနိ အာလဘိယံတိ။
  • ၄။ ဒုဝေ မဇုလာ ဧကေ မိဂေ။ သေ ပိ စ မိဂေ နော ဓုဝေ။ ဧတာနိ ပိ စ တိနိ ပါနာနိ နော အာလဘိယိသံတိ။

မြန်မာ[edit]

  • ၁။ ဤ တရား ကဗျည်းကို၊ နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ရေးထိုးစေ၏။ ဤအရပ်၌ မည်သည့်အသက်ကိုမျှ သက်၍ ယာဇ်မပူဇော်ရ။
  • ၂။ ပွဲတို့ကိုလည်း မကျင်းပရ။ အချို့ပွဲတို၌ အကျိုးရှိသော်လည်း၊ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည်၊ ပွဲတို့၌ များစွာသောအပြစ်တို့ကို မြင်၏။
  • ၃၊၄။ ရှေး၌၊ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ စဖိုအိမ်၌၊ နေ့စဉ် ထောင်ပေါင်း များစွာသော အသက်တို့ကို ဟင်းလျာ အလို့ငှာ သတ်ကုန်၏။ သို့ရာတွင်၊ ယခု ဤတရား ကဗျည်းကို ရေးစေပြီးနောက်၊ ဥဒေါင်း နှစ်ကောင်နှင့် သမင် တကောင် သုံးကောင်သော သတ္တဝါတိုကိုသာလျှင် သတ်ကုန်၏။ ထို အနက်လညး် သမင်ကို နေ့စဉ်မဟုတ်။ ဤ သုံးကောင်သော သတ္တဝါ တို့ကိုပင် မသတ်ကြရကုလတံ့။

ဒုတိယ ကျောက်ဆောင်စာ[edit]

ပြာကြိုဋ်[edit]

  • ၄။ သဝတာ ဝိဇိတသိ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ ယေ စ အံတာ အထာစောဍာ ပံဍိယာ သာတိယပုတော ကေလလပုတော တံဗပံနိ။
  • ၅။ အံတိယောဂေ နာမ ယောနလာဇာ ယေ စာ အံနေ တသာ အံတိယောဂသာ သာမံတာ လာဇာနော သဝတာ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ ဒုဝေ စိကိသကာ ကဋာ မနုသစိကိသာ စာ ပသုစိကိသာ စာ။ ဩသဓာနိ မနုသောပဂါနိ စာ ပသောပဂါနိ စ အတတာ နထိ။
  • ၆။ သဝတာ ဟာလာပိတာ စာ လောပါပိတာ စာ။ ဧဝမေဝါ မုလာနိ စာ ဖလာနိ စာ အတတာ နထိ သဝတာ ဟာလာပိတာ စာ လောပါပိတာ စာ။ မဂေသု လုခါနိ လောပိတာနိ ဥဒုပါနာနိ စာ ခါနာပိတာနိ ပဋိဘောဂါယေ ပသုမုနိသာနံ။

မြန်မာ[edit]

  • ၄၊၅။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး၏ နိုင်ငံတော်အတွင်း အရပ်ရပ် တို့၌ ၎င်း နိုင်ငံတော်၏ အစွန် အ ပ စော ဍ (စောဠ) ပံ ဒိယ (ပဏ္ဍျ) သာတိယာပု, ကေလလပု, တံဗပံနိ (တဗ္ဗပဏ္ဏိ) အံတိယောဂ (အန္တိယောက) အမည်တော်ရှိသော ယောနမင်းနှင့်၊ ထိုမင်း၏ ပတ်ဝန်းကျင် အခြားမင်းတို့၏ တိုင်းများအတွင်း အရပ်ရပ်တို့၌၎င်း၊ နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် လူတို့အား ကုစားခြင်း နှင့် တိရစ္ဆာန်တို့အား ကုစားခြင်း ဟူသော ဆေးကုစားခြင်း နှစ်မျိုးကို တည်ထားတော်မူ၏။
  • ၅၊၆။ လူတို့အဖို့၎င်း၊ တိရစ္ဆာန်တို့အဖို့၎င်း အသုံးဝင်သော ဆေးပင် တို့ကိုလည်း မရှိသေးသော အရပ်တိုင်းတို့သို့ ယူဆောင်စေ၏၊ စိုက်ပျိုးစေ၏။ ထိုနည်းတူစွာ သစ်မြစ် သစ်သီးတို့ကိုလည်း မရှိသေးသော အရပ်တိုင်းတို့သို့ ယူဆောင်စေ၏၊ စိုက်ပျိုးစေ၏။ လူနှင့် တိရစ္ဆာန်တို့ သုံးဆောင်စိမ့်သောငှာ၊ လမ်းတို့၌ သစ်ပင်တို့ကို စိုက်စေ၍ ရေတွင်းတို့ကိုလည်း တူးစေ၏။


တတိယကျောက်စာ[edit]

ပြာကြိုဋ်[edit]

  • ၆။ ဒေဝါနံ ပီယေ ပိယဒသိ လာဇာ ဟေဝံ အာဟာ။
  • ၇။ ဒုဝါဍသ-ဝသာဘိသိတေန မေ ဣယံ အာနပယိတေ၊ သဝတာ ဝိဇိတသိ မမ ယုတာ လဇုကေ ပါဒေၐိကေ ပံသု ပံသုစ ဝသေသု အနုသယာနံ နိခမံတုံ၊ ဧတာယေဝါ အထာယေ ဣမာယေ ဓံမနုသထိယာ ယထာ အံနာယေ ဝိကံမာ ယေ။ သာဓု။
  • ၈။ မာတာပိတိသု သုသုသာ မိတသံထုတ-နာတိကျာနံ စာ ဗံဘန-သမနာနံ စာ သာဓု ဒါနေ။ ပါနာနံ အနာလံဘေ သာဓု၊ အပဝိယာတာ အပဘံဍတာ သာဓု။ ပလိသာပိ စ ယုတာနိ ဂနနသိ အနပယိသန္တိ ဟေတုဝတာ စာ ဝိယံ ဇနတေ စ။

မြန်မာ[edit]

  • ၆။ နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် ဤသို့မိန့်တော်မူ၏။
  • ၇။ ငါ အဘိသိတ်ခံသည်မှ တစ်ဆဲ့နှစ်နှစ်မြောက်၌ ဤအမိန့်တော်ကို ထုတ်ပြန်တော်မူ၏။ ငါ၏နိုင်ငံတော် အလုံး၌၊ ယုတ ရာဇုက ပါဒေသိက ဟူသော (ရွှေမြို့တော်တိုင်းခရိုင်) အမတ်တို့သည်၊ ငါးနှစ်ငါးနှစ်မြောက်တိုင်း ဤဆိုလတံ့သော တရားအဆုန်းအမအလို့ငှါ၎င်း၊ အခြားအမှုကိစ္စ တို့ အလို့ငှါ၎င်း၊ ခရီးထွက်ခွါလှည့်လည်ကြကုန်ရာသည်။
  • ၈။ အမိအဖတို့အား ကျိုးနွံခြင်းသည် ကောင်း၏။ မိတ်ဆွေ၊ အသိအကျွမ်း၊ ဆွေမျိုး၊ ရဟန်း ပုဏ္ဏားတို့အား ပေးကမ်းလှူဒါန်း ခြင်းသည် ကောင်း၏။ သတ္တဝါတို့၏ အသက်ကို မသတ်ခြင်းသည် ကောင်း၏။ ချွေတာသုံးစွဲခြင်း၊ ပစ္စည်းဥစ္စာကို အသင့်အတင့်သာ စုဆောင်းခြင်းသည် ကောင်း၏။ လွှတ်တော်အဖွဲ့ကလည်း ယုတအမတ်များအား၊ အကျိုးအကြောင်းနှင့်တကွ၊ (အမိန့်တော်) စာပါ အတိုင်းမှတ်သား၊ နားခံကြရန်၊ အမိန့် ထုတ်ဆင့်ကြစေကုန်သတည်း။

စတုတ္ထကျောက်ဆောင်စာ[edit]

ပြာကြိုဋ်[edit]

  • ၉။ အတိကံတံ အံတလံ ဗဟုနိ ဝသသတာနိံ ဝဓိတေဝါ ပါနာလံဘေ ဝိဟိသာ စာ ဘုတာနံ နာတိန့ အသံပတိပတိ သမန ဗံဘနာနံ အသံပဋိပတိ။ သေ အဇာ ဒေဝါနံ ပိယသာ ပိယဒသိနေ လာဇိနေ ဓံမစလနေနာ ဘေလိ ဃောသေ အဟော ဓံမဃောသေ ဝိမနဒသနာ။
  • ၁၀။ ဟထိနိ အဂိကံဓါနိ အံနာနိ စာ ဒိဝျာနိ လုပါနိ ဒသယိတု ဇနသ။ အာဒိသေ ဗဟုဟိ ဝသသတေဟိ နာ ဟုတုပုလုဝေ တာဒိသေ အဇာ ဝဎိတေ ဒေဝါန့ ပိယသာ ပိယဒသိနေ လာဇိနေ ဓိမနုသထိယေ အနာလံဘေ ပါနာနံ အဝိဟိသာ ဘုတာနံ နာတိသု။
  • ၁၁။ သံပဋိပတိ ဗံဘနသမနာနံ သံပဋိပတိ မာတာ ပိတိသု သုသုသာ။ ဧသေ စာ အံနေ စာ ဗဟုဝိဓေ ဓံမစလနေ ဝဓိတေ။ ဝဓိယိသတိ စေဝါ ဒေဝါနံ ပိယေ ပိယဒသိလာဇာ ဣမံ ဓံမစလနံ။ ပုတ စ ကံ နတာလေ စာ ပနာတိကျာ စာ ဒေဝါနံ ပိယသာ ပိယဒသိနေ လာဇိနေ။
  • ၁၂။ ပဝဎယိသံတိ စေဝ ဓံမစလနံ ဣမံ အာဝကပံ ဓံမသိ သီလသိ စာ စိဌိတု ဓံမံ အနုသာသိသံတိ။ ဧသေဟိ သေဌေ ကံမံ အံ ဓံမာနုသာသနံ။ ဓံမစလနေပိ စာ နော ဟောတိ အသိလသာ။ သေ ဣမသာ အထသာ ဝဓိ အဟိနိ စာ သာဓု။ ဧတာယေ အထာယေ ဣယံ လိခိတေ။
  • ၁၃။ ဣမသာ အထသာ ဝဓိ ယုဇံတု ဟိနိ စ မာ အလောစယိသု။ ဒုဝါဍသဝၐါဘိသိတေနာ ဒေဝါန့ ပိယေနာ ပိယဒၐိနာ လာဇိနာ လေခိတာ။

မြန်မာ[edit]

  • ၉၊၁၀။ လွန်ခဲ့သော နှစ်ရာပေါင်း များစွာ ကာလတို့၌သူ့အသက်ကို သတ်ခြင်း၊ သတ္တဝါတို့အား နှိပ်စက်ညှင်းဆဲခြင်း၊ အဆွေအမျိုးတို့အား မရိုသေ မလေးစားခြင်း၊ ရဟန်း ပုဏ္ဏား တို့အား မရိုသေ မလေးစားခြင်း၊ ရဟန်း ပုဏ္ဏား တို့အား မဆီးကပ် မကိုးကွယ်ခြင်း တို့သည်၊ တိုးတက်လျှက် လာခဲ့၏။ သို့ရာတွင်၊ ယခုသော် နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး၏ တရားကျင့်သုံး ဆောင်တည်ခြင်းကြောင့် တိုက်စည်သံအစား တရားသံကို ကြားရ၍၊ နတ်ဗိမာန်ပုံများ ဆင်များ မီးစိုင် မီးရှူးများနှင့် အခြားနတ်တို့၏ အဆင်း သဏ္ဌာန် များကို လူတို့ မြင်ကြရလေပြီ။
  • ၁၀၊၁၁။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ တရားအဆုန်းအမကြောင့် သူ့အသက်ကို မသတ်ခြင်း၊ သတ္တဝါတို့အား မနှိတ်စက် မညှင်းဆဲခြင်း၊ အဆွေအမျိုးတို့အား ရိုသေလေးစားခြင်း၊ ရဟန်း ပုဏ္ဏားတို့အား ဆည်းကပ်ကိုးကွယ်ခြင်း၊ အမိအဖတို့အား ကျိုးနွံခြင်းတို့သည်၊ ရှေးအနှစ်ရာပေါင်းများစွာတို့၌ မကြုံဘူးအောင် ယခု တိုးတက် ပြန့်ပွားလျှက် ရှိလေပြီ။
  • ၁၁-၁၂။ ဤနည်းအခြားနည်းတို့နှင့်တကွ များစွာသော နည်းတို့ဖြင့် တရား ကျင့်သုံး ဆောက်တည်ခြင်းကို တိုးတက်ပြန့်ပွါးစေခဲ့လေပြီ။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည်၊ ဤတရားကျင့်သုံးဆောက်တည်ခြင်းကို ဆက်လက်၍လည်း တိုးတက်ပြန့်ပွါးစေလိမ့်ဦးအံ့။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ သားတော် မြေးတော် မြစ်တော်တို့သည်လည်း ထိုနည်းတူစွာ ကပ္ပါပတ်လုံး တရားကျင့်သုံးဆောက်တည်ခြင်းကို ဆက်လက်၍ တိုးတက်ပြန့်ပွါးစေလိမ့်ဦးအံ့။ မိမိတို့ကိုတိုင် တရား၌၎င်း အကျင့်သီလ၌၎င်း မြဲစွာတည်လျက် တရားအဆုန်းအမကို ပေးကြကုန်လတံ့။ ဤသို့ တရားအဆုန်းအမပေးခြင်းသည် အမွန်မြတ်ဆုံးသော အမှုစင်စစ်ဖြစ်၏။ အကျင့်သီလမဲ့သူတို့အဖို့၊ တရားကျင့်သုံးဆောက်တည်ခြင်း မဖြစ်နိုင်။ ထိုကြောင့် တရားကျင့်သုံးဆောက်တည်ခြင်း၏ မဆုတ်မယုတ် ပွါးတိုးခြင်းသည် ကောင်း၏။
  • ၁၃။ ဤအလို့ငှါ ဣတရားကဗျည်းကို ရေးထိုးစေ၏။ တရားကျင့်သုံးဆောက်တည်ခြင်း၏ ဆုတ်ယုတ်ခြင်းကို မဖြစ်စေပဲ၊ ပွါးတိုးခြင်းအလို့ငှါ အါးထုတ်ကြကုန်လေါ့။ နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည်၊ အဘိသိတ်ခံသည်၏ တစ်ဆဲ့နှစ်နှစ်မြောက်၌ (ဤတရားကဗျည်းကို) ရေးထိုးစေ၏။

ပဉ္စမကျောက်ဆောင်စာ[edit]

ပြာကြိုဋ်[edit]

  • ၁၃။ ဒေဝါနံ ပိယေ ပိယဒသိ လာဇာ။ အာဟာ၊ ကယာနေ ဒုကလေ။ ဧ အာဒိ ကလေ ကယာနသာ သေ ဒကလံ ကလေတိ၊ သေ မမယာ ဗဟု ကယာနေ ကဋေ။ တာ မမ ပုတာ စာ နတာလေ စာ။
  • ၁၄။ ပလံ စာ တေ ဟိ ယေ အပတိယေ မေ အာဝကပံ တထာ အနုဝဋိသံဋိ သေ သုကဋံ ကဆံတိ။ ဧ စု ဟေတာ ဒေသံ ပိ ဟာပယိသသိ သေ ဒုကဋံ ကဆတိ၊ ပါပေ ဟိ နာမ သုပဒါလယေ။ သေ အဋိကံတံ အံတလံ နော ဟုတပုလုဝ ဓံမမဟာမာတာ နာမ။ တေဒသဝသာဘိသိတေနာ မမယာ ဓံမမဟာမာတာ ကဋာ။ တေ သဝပါသံဍေသု ဝိယာပဋာ။
  • ၁၅။ ဓံမာဓိဌာနာယေ စာ ဓံမဝဎိယာ ဟိဒ သုခါယေ စာ၊ ဓံမယုတသာ ယောနကံဗေါဇ- ဂန္ဓာလာနံ ဧဝါပိ အံနေ အပလံတာ။ ဘဋမယေသု ဗံဘနိဘေသု အနထေသု ဝုဓေသု ဟိဒသုခါယေ ဓံမယုတာယေ အပလိဗေါဓါယေ ဝိယာဝဋာ တေ။ ဗံဓန ဝဓသာ ပဋိဝိဓါနာယေ အပလိဗေါဓါယေ မောခါယေ စာ ဧယံ အနုဘဓံ ဘဇာဝ တိ ဝါ။
  • ၁၆။ ကဋာဘိကာလေ တိ ဝါ မဟာလကေ တိ ဝါ ဝိယာပဋာ တေ။ ဟိဒါ ဗါဟိလေသု စာ နဂလေသု သဝေသု ဩလောဓနေသု ဘာတိနံ စ နေ ဘဂိနိနာ ဧဝါပိ အံနေ နာတိကျေ သဝတာ ဝိယာပဋါ။ ဧ ဣယံ ဓံမနိသိတေ တိ ဝါ ဒါနသံယုတေ တိ ဝါသဝတာ ဝိဇိတသိ မမာ ဓံမယုတသိ ဝိယာပဋာ တေ ဓံမမဟာမာတာ။ ဧတာယေ အဋ္ဌာယေ။
  • ၁၇။ ဣယံ ဓံမလိပိ လေခိတာ။ စိလထိတိတျာ ဟောတုတထာ စ မေ ပဇာ အနုဝတံတု။

မြန်မာ[edit]

  • ၁၃၊၁၄။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး မိန့်တော်မူသည်မှာ - ကောင်းမှုကိုပြုရန် ခဲယဉ်း၏။ ကောင်းမှုကို ပြုသောသူသည် ခဲယဉ်းသောအမှုကို ပြုသည်မည်၏။ ငါသည် များစွားသော ကောင်းမှုတို့ကို ပြုခဲ့လေပြီ။ ငါ၏ သားမြေးတို့နှင့် ၎င်းတို့၏ အဆက်အနွယ် တို့သည်၊ ကပ္ပါတည်သ၍ ကာလပတ်လုံး၊ ငါ၏ နည်းတူ လိုက်နာ ဆောင်ရွက်ကြသော်၊ ကောင်းမှုကို ပြုသည် မည်လတံ့။ ဤအမိန့်၏ တစိတ်တဒေသမျှကိုပင် ဖေါက်ဖျက်ကျူးလွန်သောသူသည်ကား၊ မကောင်းမှုကို ပြုသည်မည်လတံ့။ မကောင်း ဆိုးယုတ်သော အမှုတို့ကိုကား ပြုလုပ် ဆောင်ရွက်လွယ်၏။
  • ၁၄၊၁၅။ ရှေး လွန်ပြီးသော ကာလတို့၌၊ ဓမ္မမဟာမာတာခေါ် တရားအမတ်ကြီးများဟူ၍ မရှိခဲ့ဘူးချေ။ ငါ အဘိသိတ်ခံသည်မှ တစ်ဆဲ့သုံးနှစ်မြောက်၌ ဓမ္မမဟာမာတာခေါ် တရားအမတ်ကြီးများကို ခန့်ထားခဲ့လေပြီ။ ထို အမတ်ကြီးများသည် တရားတည်တံ့ခိုင်မြဲစေရန်၎င်း၊ တရားကို တိုးတက် ပြန့်ပွါးစေရန်၎င်း၊ တရား ကျင့်သုံးဆောက်တည်သူတို့နှင့် တကွ၊ ယောန၊ ကမ္ဗောဇ၊ ဂန္ဓာရနှင့် အခြားတိုင်းစွန် ပြည်ပသားတို့၏ စီးပွါးချမ်းသာအလို့ငှါ၎င်း၊ အလုံးစုံသော အယူဝါဒ ဂိုဏ်တို့၌ပင် ဆောင်ရွက်လျက်ရှိကြလေပြီ။
  • ၁၅၊၁၆။ အစေအပါးနှင့် အရှင်သိခင်၊ ရဟန်းပုဏ္ဏားနှင့် အလုပ်အကျွေး၊ ခိုးကိုးရာမဲ့သူ၊ သက်ရွယ်ကြီးရင့် အိုးမင်းသူတို့၏ စီးပွါးချမ်းသာ အလို့ငှါနှင့်၊ တရားကျင့်သုံး ဆောက်တည်နေသူတို့၏၊ နှောင့်ရှက်ကင်းမဲ့ခြင်း အလို့ငှါလည်း၊ (ထိုအမတ်ကြီးများ) ဆောင်ရွက်လျက်ရှိကြကုန်၏။ -သားသမီးများသူ၊ ကြီးလေးသော အလုပ်တာဝန်များကို လုပ်ကိုင် ဆောင်ရွက်နေရသူ၊ အိုမင်းမစွမ်းရှိသူတို့အား၊ နှောင်ဖွဲ့ကွပ်မျက်ခြင်းမှ တားဆီး၍၊ အနှောင့်အရှက်မရှိ၊ လွတ်ငြိမ်းချမ်းသာခွင့်ရရန်လည်း၊ ထိုအမတ်ကြီးများ ဆောင်ရွက်လျက် ရှိကြကုန်၏။ -ဤ(ပါဋလိပုတ်ပြည်)နှင့် ပြင်ပမြို့တို့ဝယ်၊ ငါ၏ညီတော် နှမတော်နှင့် အခြား ဆွေတော်မျိုးတော်တို့၏၊ နန်းတော် အိမ်တော်အပေါင်းတို့နှင့် ခပ်သိမ်းသော အရပ်တို့၌ပင် ထို အမတ်ကြီးများ ဆောင်ရွက်လျက် ရှိပေ၏။ -ဤသို့လျင် ငါ၏ နိုင်ငံတော် တဝှမ်းလုံးတွင် တရားတည်တန့်၌၊ အလှူစွဲ၌မြဲရန်၊ ထိုတရား အမတ်ကြီးတို့သည် တရားကျင့်သုံး ဆောက်တည်ကာ ဆောင်ရွက်လျှက်ရှိကြကုန်၏။
  • ၁၇။ ဤအလို့ငှာ ဤတရားကဗျည်းကို ရေးသားစေ၏ အဓွန့်ရှည်စွာ တည်မြဲပါစေသတည်း။ ငါ၏ တိုင်းသူပြည်သားတို့သည်လည်း ထို့အတိုင်း လိုက်နာ ပြုကျင်နိုင်ပါစေသတည်း။

ဆဋ္ဌမကျောင်ဆောင်စာ[edit]

ပြာကြိုဋ်[edit]

  • ၁၇။ ဒေဝါနံ ပိယေ ပိယဒသိ လာဇာ ဟေဝံ အာဟာ။ အတိကံတံ အံဘလံ နော ဟုတပုလုဝေ သဝံ ကာလံ အဋ္ဌကံမေ ဝါ ပဋိဝေဒနာ ဝါ။ သေ မမယာ ဟေဝံ ကဋေ။ သဝံ ကာလံ အဒမနိသာမေ။
  • ၁၈။ ဩလောဓနသိ ဂဘာဂါလသိ ဝစသိ ဝိနိတသိ ဥယာနသိ သဝတာ ပဋိဝေဒကာ အဌံ ဇနာသာ ပဋိဝေဒံတုမေ။ သဝတာ ဇနသာ အဌံ ကဆာမိ ဟကံ၊ ယံ ပိ စာ ကိဆိ မုခယေ အာနပယာမိ ဟကံ ဒါပကံ ဝါ သာဝကံ ဝါ ယေ ဝါ ပုနာ မဟာမာတေဟိ။
  • ၁၉။ အတိယာဟိကေ အာလောပိတံ ဟောတိ တာယေဌာယေ ဝိဝါဒေ နိဈတိ ဝါ သံတံ ပလိ သာယေ အနံတလိယေနာ ပဋိ (ဝေဒေတ) ဝိယေ မေ သဝတာ သဝံ ကာလံ ဟေဝံ အာနပယိတေ မမယာ။ နထိ ဟိ မေ ဒေါသေ ဝ ဥဌာနသာ အဌသံတိလနာယေ စာ။ ကဋဝိယမုတေ ဟိ မေ သာဝလောကဟိတေ။ တသာ ပုနာ ဧသေ မုလေ ဥဌာနေ။
  • ၂၀။ အဌသံတိလာနာ စာ၊ နထိ ဟိ ကံမတလာ သဝလောကဟိတေနာ။ ယံ စ ကိစိ ပလကမာမိ ဟကံ။ ကိတိ ဘုတာနံ အနနိယ ယေတံ ဟိဒ စ ကာနိ သုခါယာမိ ပလတ စာ သွဂံ အာလာဓယိတု။ သေ ဧတာယေဋ္ဌေယေ ဣယံ ဓံမလိပိ လေခိတာ။ စိလဌိကျာ ဟောတု တထာ စ မေ ပုတဒါလေ ပလကမာတု သဝလောကဟိတာယေ။
  • ၂၁။ ဒုကလေစ ဣယံ အနတာအဂေနာ ပလကမေနာ။

မြန်မာ[edit]

  • ၁၇၊၁၈။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသိ မင်းကြီးသည် ဤသို့ မိန့်တော်မူ၏။ -လွန်လေပြီးကာလ၌ အခါခပ်သိမ်း အမှုကိစ္စတို့ကို ဆောင်ရွက်ခြင်း၊ လျှောက်ထား အစီရင်ခံခြင်းဟူ၍ မရှိခဲ့ဘူးချေ။ ယခုသော် ငါဘုရင်မင်းမြတ်သည် ဤသို့ စီမံထားလေပြီ။ -ငါသည် စားတော်ခေါ်နေသည်ဖြစ်စေ၊ အတွင်းဆောင်၌ ရှိသည်ဖြစ်စေ၊ စက်ခန်းဆောင်၌ ရှိသည်ဖြစ်စေ၊ သန့်သက်ရာ၌ရှိသည်ဖြစ်စေ၊ တိုင်းခန်းလှည့်လည်နေသည်ဖြစ်စေ၊ ဥယာဉ်တော်၌ ရှိသည်ဖြစ်စေ၊ နေရာခပ်သိမ်းတို့၌ပင်၊ အခါခပ်သိမ်း နားခံတော်တို့သည်၊ တိုင်းသူပြည်သားတို့၏ အမှုကိစ္စဟူသမျှကို၊ ငါ့အား တင်လျှောက်စေသတည်း။ ငါသည် တိုင်းသူပြည်သားတို့၏ အမှုကိစ္စဟူသမျှကို၊ နေရာမရွေး ဆောင်ရွက်ပါအံ့။
  • ၁၈၊၁၉။ ငါသည် အလှူတော်အမတ်အား၎င်း၊ သ့တော်ဆင့်အား၎င်း၊ တစုံတရာကို နှုတ်အားဖြင့် အမိန့်ပေးသောအခါဖြစ်စေ၊ သို့မဟုတ်၊ အမတ်ကြီးတို့က ထိုအမိန့်များကို အရေးကြီးသဖြင့် တဖန် ဆင့်ဆိုသောအခါ၌ဖြစ်စေ၊ ဝိဝါဒသော်၎င်း၊ စင်းစားဖွယ် (သံသယ) သော်၎င်း ရှိခဲ့သော်၊ အမတ် အစည်းအဝေးက၊ ငါ့အား လျင်စွာသာလျှင်၊ နေရာမရွေး အခါမရွေး လျှောက်တင်စေသတည်း။ ဤသို့ ငါအမိန့်ချမှတ်ထာတော်မူလေပြီ။
  • ၁၉၊၂၀။ ထကြွလုံ့လပြုခြင်းနှင့် အမှုကိစ္စတို့အား ထမြောက်အောင် ဆောင်ရွက်ခြင်း၌၊ ငါ ရောင့်ရဲသည်ဟူ၍မရှိ။ ခက်သိမ်းသော လောက၏ အကျိုးကို ဆောင်ရွက်ရန် ငါရည်ရွယ်လျှက်ရှိ၏။ ဤသည်တို့ကား ငါ၏ ထကြွလုံ့လပြုခြင်းနှင့်၊ အမှုကိစ္စတို့အား ထမြောက်အောင် ဆောက်ရွက်ခြင်းတို့၏ အကြောင်းရင်းတို့ပေတည်း။ ခပ်သိမ်းသော လောက၏ အကျိုးကို ဆောက်ရွက်ခြင်းမှတပါး၊ ငါ၌အခြားဆောင်ရွက်ဖွယ်ဟူ၍မရှိ။ အဘဲ့ကြောင့် ဤွသို့ ငါကြိုးစားအားထုတ်ပါသနည်းဆိုသော်၊ ငါသည် မိမိအပေါ်၌ တင်ရှိသော သတ္တဝါတို့၏ကြွေးမှ ကင်းလွတ်၍၊ ၎င်းတို့အား ဤဘဝ၌ ချမ်းသာကို ရစေ၍၊ နောင်ဘဝ၌လည်း နတ်ပြည်သို့ ရောက်စေရန်ဖြစ်၏။ -ဤအကျိုးငှာ ဤတရားကဗျည်းကို ရေးထိုးစေ၏။ အရှည် တည်မြဲပါစေသတည်း။ ငါ၏ သားမြေး အဆက်အနွယ်တို့သည် ခပ်သိမ်းသော လောက်၏ အကျိုးငှာ အားထုတ်ကြစေကုန်သတည်း။
  • ၂၁။ သည်းစွာအားထုတ်ခြင်းနှင့်ကင်း၍လည်း၊ ဤအမှုကို ဆောင်ရွက်ရန် ခဲယဉ်းချေ၏။

သတ္တမကျောက်ဆောင်စာ[edit]

ပြာကြိုဋ်[edit]

  • ၂၁။ ဒေါဝါနံပိယေ ပိယဒသိ လာဇာ သဝတာ ဣဆတိ သဝပါသံဍ ဝသေဝု။ သဝေ ဟိတေ သယမံ ဘာဝသုဓိ စာ ဣဆံတိ ဇနေ စု ဥစာဝုစာဆံဒေ ဥစာဝုစ-လာဂေ။ တေ သဝံ ဧကဒေသံ ပိ ကဆံတိ။ ဝိပုလေ ပိ စု ဒါနေ အသာ နထိ။
  • ၂၂။ သယမေ ဘာဝသုဓိ ကိဋနာတ ဒိဎဘတိတာ စာ နိစေ ဗာဎံ။

မြန်မာ[edit]

  • ၂၁၊၂၂။ ခပ်သိမ်းသော အရပ်တို့၌၊ ခပ်သိမ်းသော အယူဝါဒကွဲ ဂိုဏ်းသားတို့သည် (သင့်တင့်ညီညွတ်စွာ) နေခြင်းငှာ၊ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး အလိုရှိတော်မူ၏။ - လူတို့သည် အလိုဆန္ဒတို့၌ဖြစ်စေ၊ ကြိုက်နှစ်သက်ခြင်းတို့၌ဖြစ်စေ၊ အနိမ့်အမြင့်အားဖြင့် ကွဲပြားကြစေကာ၊ ကိုနှုတ်နှစ်လုံး စောင့်စည်းခြင်းနှင့် စိတ်သဘောဖြူစင်ခြင်းကို စင်စစ် အလိုရှိကြသည်ချည်းဖြစ်၏။ ဤတရားတို့အား အကုန်အစင်သော်၎င်း၊ တစိတ်တဒေသမျှသော်၎င်း၊ ကျင့်ဆောင်ကုန်ရာသည်။။ - ခန်းနားသော အလှူကြီးကို မပေးနိုင်စေကာ၊ ကိုနှုတ်နှလုံး စောင့်စည်းခြင်း၊ စိတ်သဘောဖြူစင်ခြင်း၊ ကျေးဇူးသိတတ်ခြင်း၊ စွဲမြဲစွာ ကြည်ညိုခြင်းတို့၌၊ မပြတ် ထက်သန်ကုန်ရာသည်။

အဋ္ဌမကျောက်ဆောင်စာ[edit]

ပြာကြိုဋ်[edit]

  • ၂၂။ အတိကံတံ အံတလံ ဒေဝါနံပိယာ ဝိဟာလယာတံ နာမ နိခမိသု။ ဟိဒါ မိဂဝိယာ အံနာနိ စာ ဟေဒိသာနိ အဘိလာမာနိ ဟုသု။ ဒေဝါနံပိယေ ပိယဒသိ လာဇာ ဒသဝသာဘိသိတေ သံတံ နိခမထာ သံဗေါဓိ။
  • ၂၃။ တေနတာ ဓံမယာတာ။ ဟေတာ ဣယံ ဟောတိ သမနဗံဘနာနံ ဒသနေ စ ဒါနေ စ ဝုဓါနံ ဒသနေ စ ဟိလံနပဋိဝိဓါနေ စာ ဇာနပဒသာ ဇနသာ ဒသနေ ဓံမာနုသထိ စာ ဓံမပလိ ပုဆာ စ၊ တတောပယာ ဧသေ ဘုယေ လာတိ ဟောတိ ဒေဝါနံပိယသာ ပိယဒသိသာ လာဇိနေ ဘာဂေ အံနေ။

မြန်မာ[edit]

  • ၂၂၊၂၃။ ရှေးလွန်လေပြီးကာလတို့၌၊ နတ်တို့ချစ်မြတ်နိုးသူခေါ (မင်း) တို့သည်၊ အပျော်အပါး (တောကစား) ထွက်ခြင်းဟုခေါ်သော ခရီးထွက်ခြင်းကို ပြုလေ့ရှိကြ၏။ ဤသို့ ခရီးထွက်ရာ၌ အမဲလိုက်ခြင်းနှင့် အခြားနည်းတူ အပျောအပါးတို့ရှိကုန်၏။ - နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိတ်ခံသည်၏ ဆယ်နှစ်မြောက်၌ မဟာဗောဓိသို့ ခရီးထွက်တော်မူ၏။ ထိုသို့ထွက်ခြင်းကား၊ တရားခရီးထွက်ခြင်း ဖြစ်၏။ ဤသို့ထွက်ရာ၌ ရဟန်း ပုဏ္ဏားတို့အား ဖူးမြော်ခြင်း၊ လှူဒါန်းခြင်း၊ သက်ကြီးတို့အား တွေ့မြင်ခြင်း၊ ရွှေအသပြာတို့ကို ခွဲဝေ ပေးကမ်းခြင်း၊ ဇနပုဒ်တို၌ နေကုန်သော ဇနပုဒ်သားတို့အား တွေ့မြင်ခြင်း၊ တရားတော်၌ ဆုမ္မဩဝါဒပေးခြင်း၊ တရားတော်နှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းခြင်းတို့ကို ပြုပိ၏။ ဤသည်တို့သည် အမဲလိုက်ခြင်းစသော အပျော်အပါးတို့ထက် မင်းကြီးအား ပို၍နှစ်သက်စေ၏။ ဤကား နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ ထူးခြားသော ကံပေတည်း။

အကိုးအကား[edit]

အသောကကျောက်စာများ။ ဘာသာပြန် ဦးဖိုးလတ်။ ပညာနန္ဒပုံနှိပ်တိုက်၊ ရန်ကုန်။