အလှဘွဲ့ တေးထပ်
Jump to navigation
Jump to search
ထိတ်စရာ လိပ်ပြာလှုပ်၊ ပြိတ္တာရုပ်သဖွယ်
မဲချက်က ကဲတက်ကြွယ်၊ ကျွဲနက်ဝယ်မခြား
ချေးသူဌေး မီးသွေးငိုသည်။
ကျီးမွေးကို ရှုံးရတကား
ညစ်ထွေးလို့ ပြစ်ထွေးမှောင်တယ်
သစ်စေးရောင်အလား၊
အနက်တွင် မက်လင်သားပါပဲ၊
မျက်မြင်အားအမှန်၊
အမူမှာ ငါးခူရှုံ့ရ၊ လဒူမုန့်ကျွမ်းသည့်သဏ္ဍာန်၊
သပိတ်နှင့် ငချိတ်ဆန်လို၊ မနိပ်ဟန်ဆင်ကွဲပ၊
မင်ခဲနှင့် ပုလင်းဖင်လို၊ မဲမှောင်လို့ညို၊
မီးလောင်သည့် တုံးငုတ်တိုမှာ၊
ပုံးစုတ်ကို စွပ်ထားသို့လေး။ ။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago. |