အမရွာပြန်

From Wikisource
Jump to navigation Jump to search
အမရွာပြန်
by ဦးကြီး

မလွမ်းသင့်သော်ကော့၊ ခွန်းဆင့်ငယ်ညည်းကာ၊
ညဉ့်ဆည်းစျာမှာ၊ ရွှေဘုတ်ဝါ ပင်ညိုငြိမ့်ငယ်က၊
နေနိမ့်လို့သူအီ၊ သီကရီ လှမ်းပါရတယ်လေး။ ။

ယောက်တည်းငယ့်တကိုယ်၊ လျင်စလိုငယ်၊
ခင်လျှိုရေကျ သည်တောစက၊
အမရွာပြန်၊ ဖားအိုးအံနှင့်၊
ထက်သန်စီစီ၊ ခရုချီလို့၊
နေရီမှုန်မှင်၊ အောင်တုတ်ကယ်ရောပါလို့၊
မြောက်တော သူဝင်ခဲ့တယ်၊
ရွာအပြင်တခိုမှာ၊
ရွှေမိုးညို တကိုယ်ရွှဲငယ်က၊
သဲခဲ့ပြီလေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse