အဘိုးအဘွားများကို ကူညီမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၉။ အဘိုးအဘွားများကို ကူညီမယ်
326578ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၁၉။ အဘိုးအဘွားများကို ကူညီမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၉)

အဘိုးအဘွားများကို ကူညီမယ်

[edit]

မမကြီး ညိုညိုက ဖြူဖြူကို ဘိုးဘွားရိပ်သာသို့ ခေါ်သွားခဲ့သည်။

ညိုညိုနှင့် ဖြူဖြူတို့သည် အဘိုးအဘွားများကို ပြုစုခဲ့ကြသည်။

“အဘိုးအဘွားတွေကို ပြုစုစောင့်ရှောက်ရင် ၊ အသက်ရှည်မယ်၊ အဆင်းလှမယ်၊ ချမ်းသာမယ်၊ ခွန်အားကြီးမယ်”ဟု အပြန်လမ်းတွင် မမကြီးညိုညိုက ဖြူဖြူအား ပြောပြလေသည်။

အဘိုးအဘွားများကို ကူညီမယ်

[edit]

ဘိုးဘိုးကြီးက လမ်းလျှောက်ချင်၊
အားနည်းနေလို့ မပျော်ရွှင်။
လက်တွဲကြင်နာ ကူညီပေး၊
ဘိုးဘိုး ကျန်းမာရေး။
ဘွားဘွားကြီးက အိပ်ရာဝင်၊
ညောင်းညာနေလို့ မပျော်ရွှင်။
ဆေးလိမ်းကာပင် နှိပ်နယ်ပေး၊
ဘွားဘွား ကျန်းမာရေး။ ။