Jump to content

အပုတ္တကသေဋ္ဌိဝတ္ထုဂါထာ

From Wikisource
367589ဓမ္မပဒဂါထာနိဿယ၁၁။ အပုတ္တကသေဋ္ဌိဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

၂၄-တဏှာဝဂ်

၁၁-အပုတ္တကသေဋ္ဌိဝတ္ထုပါဠိဂါထာ

၆၃၁။ ဟနန္တိ ဘောဂါ ဒုမ္မေဓံ, နော စ ပါရဂဝေသိနော၊
ဘောဂတဏှာယ ဒုမ္မေဓော, ဟန္တိ အညေဝ အတ္တနံ။

ဘောဂါ၊ မရမနေ, အရဖွေ၍, ထွေထွေစုဆောင်း, ဥစ္စာအပေါင်းတို့သည်။ ဒုမ္မေဓံ၊ ကံကျိုးမမြင်, ဉာဏ်မယှဉ်သည့်, လူတွင်လူအ, လူ့ဗာလကို။ ဟနန္တိ၊ အပါယ် ဘေးမှ, ပြေးမရအောင်, ဖေးမမကူ, ကိုယ့်ရန်သူသို့, လစ်လျူရှုကာ, မငဲ့ညှာဘဲ, ဖွဲ့ကာ ရစ်မွှေ, သတ်ဖြတ်လေကုန်၏။ ၊ ဆိုအပ်ခဲ့ဟန်, တမျိုးဖန်သည့်, ပြောင်းပြန်ဖြစ်ပုံ, စနစ်စုံကား။ ဘောဂါ၊ မရမနေ, အရဖွေ၍, ထွေထွေစုဆောင်း, ဥစ္စာအပေါင်းတို့သည်။ ပါရဂဝေသိနော၊ နိဗ္ဗာန်မြို့နန်း, ဟိုဘက်ကမ်းကို, မျှော်မှန်းခါခါ, ဖွေရှာကြတောင်း, သူတော်ကောင်းတို့ကို။ နော ဟနန္တိ၊ အပါယ်ဘေးမှ, ပြေးမရအောင်, ဖေးမမကူ, ကိုယ့် ရန်သူသို့, လစ်လျူရှုကာ, မငဲ့ညှာဘဲ, ဖွဲ့ကာရစ်မွှေ, မသတ်ဖြတ်နိုင်လေကုန်။ ဒုမ္မေဓော၊ ကံကျိုးမမြင်, ဉာဏ်မယှဉ်သည့်, လူတွင်လူအ, လူ့ဗာလသည်။ ဘောဂတဏှာယ၊ ရှာဖွေစုထား, ဥစ္စာများ၌, ဖြစ်ပွားပေါ်လာ, စွဲတွယ်တာသည့်, တဏှာလက်နက်, ဓား သန်လျက်ဖြင့်။ [ဘောဂေသု+ဥပ္ပန္နာ+တဏှာ ဘောဂတဏှာ။] အတ္တာနံ၊ ဘဝဖန်လာ, သံ သရာမှ, ခုခါထိပင်, ပြစ်မမြင်သည့်, အချစ်ခင်ဆုံးဆို, မိမိကိုယ်ကို။ အညေ ဣဝ၊ ကိုယ်မှတစ်ပါး, အမုန်းပွားသည့်, အခြားသောသူတို့ကိုကဲ့သို့။ ဟန္တိ (ဟနတိ)၊ ဉာဏ် မြင်ကင်းလျက်, မိုက်တွင်းနက်၍, ဆက်ဆက်သံသရာ, အရှည်ကြာအောင်, မှန်စွာ မသွေ, သတ်ဖြတ်လေတော့သတည်း။ [အကျဉ်းပေးလိုမူ “ဘောဂါ၊ သုံးဆောင်ဖွယ်ရာ, ပစ္စည်း ဥစ္စာတို့သည်။ ဒုမ္မေဓံ၊ ပညာမရှိသူကို။ ဟနန္တိ၊ သတ်ကုန်၏။ ၊ ဗျတိရိက်ကား။ ပါရဂဝေသိနော၊ နိဗ္ဗာန်ကို ရှာမှီးသူတို့ကို။ နော ဟနန္တိ၊ မသတ်ကုန်။ ဒုမ္မေဓော၊ ပညာမရှိသူသည်။ ဘောဂတဏှာယ၊ ပစ္စည်းဥစ္စာတို့၌ ဖြစ်သောတဏှာဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ [ဆန်းကြောင့် ရဿပြု၍ ဂါထာ၌ အတ္တနံ”ဟု ရှိ၏။] အညေ ဣဝ၊ အခြားသူတို့ကိုကဲ့သို့။ ဟန္တိ၊ သတ်၏”ဟု ပေး။] (ပါ-၃၅၅)

အပုတ္တကသေဋ္ဌိဝတ္ထဂါထာနိဿယပြီးပြီ။